ဒီတောင်မောင်ဘယ်လိုကျော်ဖြတ်ရမှာလဲ? (အပိုင်း-၁ ၀၄/၀၇/၂၄)
ဖိုးဖိုးပုံပြောမယ်ဆိုရပေမည်။ ရှေးဟောင်းနှောင်းဖြစ်လေးတွေပေါ့ကွယ်။
တစ်ချိန်တစ်ခါ နှစ်ပေါင်းနှစ်ဆယ်ကျော်က”ဒို့မြန်မာတွေ”အရှေ့တောင်အာရှတစ်ခွင် ပင်လယ်ရေ ကြောင်းကုန်သေတ္တာဈေးကွက်မှာ မည်ကဲ့သို့ခြေချယှဥ်ပြိုင်ဆိုင်နိုင်ရမည်ကို“ဒီတောင်မောင်ဘယ် လိုကျော်ဖြတ်ရမှာလဲ”ဆိုရအံ့။ ၁၉၅၉ခုနှစ်တွင်အစပျိုးခဲ့သောနိုင်ငံတော်အမျိုးသား သင်္ဘောလိုင်း ကြီး-ကြယ်ငါးပွင့်လိုင်းဟာ ပညာသည်-စာပေတတ်ကြွမ်းသူများကြွယ်ဝသော်၊ ကုန်သေတ္တာလုပ် ငန်းမရှိချေ၊ ရှေ့သို့လည်းဆက်လက်တိုးမနိုင်ချေ။ မိမိတို့ ၂၀၀၃ခုနှစ် MFSL Container Feeder Service (CFS) စတင်ပြေးဆွဲချိန်၌၊ ကမ္ဘာကြီးပင်လယ်ရေကြောင်းလောကဝယ် ဆဌမမျိုးဆက် မြောက် Post Panamax ၆၀၀၀-၈၅၀၀ TEUs ဆန့်သင်္ဘောများပေါ်ထွန်းပြေးဆွဲနေပေသည်။ အ ဆိုပါကာလတွင် ရွှေရန်ကုန်ဆိပ်ကမ်းမှာ TEUs ၇၀၀၁,၀၀၀ကျော်ဆန့်ကုန်သေတ္တာသင်္ဘောများ ပုံ မှန်ဝင်/ထွက်နေကြပေါ့၊ ရေစူးပိုမိုရှိက ကုန်သေတ္တာင်္ဘောကြီးများမြိုင်ဆိုင်နေမှာအမှန်ပါ။ ရွှေပြည် ကြီးလည်းအနည်းငယ်ကုန်သေတ္တာတစ်ခေတ်သို့နောက်ကျစတင်ချီတက်စပျိုးပြီလေ။ သို့ပင်ငြား ဝမ်းနည်းစရာမှာ တစ်ခုတည်းသောမိမိတို့အမျိုးသားသင်္ဘောလိုင်းကြီးသည် ရင်းနှီးမြှုတ်နိုင်မှုနိုင်ငံခြားဒင်္ဂါးမရှိ၍ ကုန်သေတ္တာသယ်ဆောင်ရေးသို့မကူးပြောင်းနိုင်ချေ။ ကုန်သေတ္တာ ၏ရလာဒ်အရေး ပါရှိပုံ-ခေတ်မီပြောင်းလဲသယ်ဆောင်ခြင်းတစ်ရပ်ကိုနားလည်သဘောပေါက်သော်၊ မိမိတို့မှာဘေး ထိုင်ပွဲကြည့်ပရိတ်သတ်အ ဆင့်သာရှိလေသည်။ တိုးမပေါက်-ခုံမရပေ၊ ဘဝ ဘဝ။
ထိုအချိန်ကာလဝယ် Burma Five Star Line (BFSL) နှင့် Yamashita Line, Japan တို့သည် cargo to/from USA, transhipment via Kobe, Japan Agreement to Rangoon ရှိရာ၊ ဌာနတွင်းမျိုး ဆက်သစ်လူငယ်များတချို့ ဂျပန်ပြည်ပိုင် Yamashita Line တွင် ရက်တိုကုန်သေတ္တာသင်တန်း တက်ရောက်ဖူးပုဂ္ဂိုယ်များလည်းရှိကြပေါ့၊ သို့ဖြစ်ရာ အမေရိက/ရန်ကုန် transhipment via ဂျပန် နိုင်ငံ ကိုဘီဆိပ်ရှိကုန်စည်+ကုန်သေတ္တာများကို သင်္ဘောတစ်ခေါက်လျှင် တစ်/နှစ်လုံးစကိုင်တွယ် ဖူးကြသည်။ Yamashita Line ကို NYK Line မှလွှဲပြောင်းယူပြီးနောက်၊ ၎င်းတို့သက်ဆိုင်ရာအဖွဲ့ သည် ကိုယ်တိုင်ရန်ကုန်မြို့သို့လာရောက်၍ မိမိတို့အမျိုး သားလိုင်းနှင့် joint container service ပေါင်းစပ်ရေးလေ့လာခဲ့ရာ၊ ကမ္ဘာ့အဆင့် NYK Line သည်ပေါင်းစပ်ရန်အချိန်မသင့်လျှော်သေး ကြောင်းအားတစ်/နှစ်ရက်အတွင်းအဖြေရှာဖွေရသွားရာ ဌာနေသို့တပ်ခေါက်ပြန်လေရဲ့။ မိမိအမျိုး သားသင်္ဘော လိုင်းကြီးသည် ပိုနေမြဲ ကျားနေမြဲအဆင့်မှာ”သက်သာ”ဆွဲရပ်တည်လျှက်ပေါ့။
NYK Line ပြန်သွားပြီးနောက်၊ မလေးရှား၊ ထိုင်း၊ အိန္ဒိယ၊ စင်္ကာပူ၊ တောင်ကိုရီးယားရှိသင်္ဘောလိုင်း များစွာ မိမိနိုင်ငံတော်အမျိုးသားလိုင်းကြီးနှင့် joint container feeder service တစ်ရပ်ပြေးဆွဲရန် လေ့လာရေးဆင်းကြသော်၊ အဖြေသည်တူညီစွာ”လွန်စွာဝမ်းနည်းသည်”တဲ့ဗျာ။ မိမိသူတို့လိုင်းများ အားစိတ်မဆိုးပါ၊ စီးပွားရေးတွက်ချေမကိုက်ဆိုလေရာ”မိုင်ကုန်”သွားသည့်သဘောလေ။ မည်သည့် ဥရောပလိုင်းများမှလည်းစိတ်ဝင်တစားကန်းလှမ်းလက်ခံခြင်းမရရှိပါ။ အဖြေသည်ရှင်းလင်းလေစွ။ ၁။ နိုင်ငံတော်အမျိုးသားကြယ်ငါးပွင့်လိုင်းသည် ရင်းနှီးရန် Foreign Exchange (F.E.)ဒင်္ဂါးမဲ့သည်၊ ၂။ Container feeder service (CFS) ပြေးဆွဲရန်ပညာပြည့်စုံ+လုပ်သက်မရှိသေး၊ ၃ ။ နိုင်ငံခြားသ င်္ဘောလိုင်းများမှာ မတည်ရင်းနှီးငွေ (Capital) မစိုက်ပျိုးလို၊ ၄။ “together we profit” မယုံကြည်၊ ၅။ တစ်ဖက်သတ်ဖိစီးလက္ခဏာအမြင်ရှိသည်ပေါ့။ သို့ရှိရာ မိမိတို့အမျိုးသားလိုင်းကြီးသည် conventional service ရေပြင်ပေါ်တွင်ဆက်လက်လှေလှော်လျှက်စဲပါပဲ။
မိမိတို့ထို F.E.ဒင်္ဂါးငတ်ကာလတွင်၊ လုပ်ငန်းကြီရွှံ့နွံကြားထဲမှရုန်းကန်မထွက်နိုင်ချိန်ဝယ်၊ တစ်ဖက် သို့မျှော်လှန်းမော်ကြည့်ရာ မြန်မာဆိပ်ကမ်းအာဏာပိုင်အဖွဲ့သည် နိုင်ငံခြားသင်္ဘောလိုင်းတစ်ခုနှင့် joint venture (JV) ပြုလုပ်၍ Myanmar Container Line အမည်နှင့်မည်သို့သောကာလမှစတင် ပြေးဆွဲခဲ့ခြင်းမသိချေ။ ဤသို့သောလုပ်ရပ်သည် horse work horse, dog work dog မသက် ရောက်-horse work dog ဖြစ်နေရာ၊ ကျွန်တော်သည်ဖြစ်ရပ်မှန်အားမိမိ MD ထံသတင်းပို့ခဲ့လေ၏။ သူတို့တစ်တွေဟာ သွေးတတည်း-သားတစ်တည်း-တစ်လှေတည်းစီး-တရေတည်းသောက်-ရေ တပ်မှဖြစ်ကြလေရာ above my pay grade ဆိုရအံ့။ တစ်နေ့သော် Jardine Shipping Hong Kong ရန်ကုန်ကိုယ်စားလှယ်မှမိမိရုံးခန်းလာရောက်ရှိ၍၎င်းတို့ container feeder service (CFS) အား ကြယ်ငါးပွင့်လိုင်းနှင့်အတူပူးပေါင်းပြေးဆွဲလိုကြောင်းရှိရာ-လိုအပ်သော data မေးမြန်းရာ၊ MD ထံ တင်ပြပြီး၊ ဖြေကြားနိုင်ခွင့်ရှိသည်များကိုပြောကြားလိုက်လေသည်။ Jardine မှမိမိတို့ဌာနကြီးအား ဘယ်သောအချိန်ကာလတည်းမှစတင်စုံစမ်းမေးနေကြောင်းမသိ။ ကျွန်တော်ထင်ကြေးပေးရက ၁၉၈၉ခုနှစ်နှောင်းပိုင်းဟုယုံကြည်သည်။ သူတို့အမြတ်ပေါ်ထွန်းမည်မျှော်မှန်းတွက် ချက်ထားဟန် တူပါရဲ့ ။
Jardine Shipping Hong Kong မှ ကျွန်တော်တို့နှင့် JV ပြုလုပ်လိုရာ၊ တင်ဆက်ပါအချိန်မှစ၍သာ ၎င်းကုမ္ပဏီအကြောင်းလေ့လာခဲ့ရကြောင်း။ Jardine Matheson သည် ရှေးအင်္ဂလိပ်ကုမ္ပဏီဖြစ်ပြီး ၁၈၃၂ခုနှစ်တွင်တရုတ်ပြည်တွင်တည်ထောင်ခဲ့သည်၊ ၎င်းတို့၏သမိုင်းကြောင်းသည်ရှေလျှား၏။ Jardine Shipping HK သည် ဘဏ်တာရေးခိုင်လုံခိုင်ပြီးပညာ တတ်ကြွမ်းသူများပြား၊ ၎င်းတို့အဓိ ကလုပ်ငန်းမှာသင်္ဘောကိုယ်စားလှယ်ဖြစ်သည်။ HK ရှိပင်လယ်သင်္ဘောလုပ်ငန်းများသို့စုံစမ်းမေး မြန်းကြည့်ရာ လုပ်ငန်းကြီးခြင်း-အလုပ်တတ်ကြွမ်း-သစ္စာရှိ-ယုံကြည်ရသည်ဆိုသည့် အဖြေတစ် လေသံသာလျှင်ကြားသိရသည်၊ သို့ရှိရာ CFS လုပ်ငန်းတတ်ကြွမ်းကြောင်းခိုင်လုံလေ၏။ HK တွင် အစိုးရပြီးက၊ Jardine သည်အကြီးမားဆုံးပုဂ္ဂလိကလုပ်ငန်းဖြစ်ရာ ခိုင်လုံသည်ယူဆရပေသည်။ ၁၉၉၀ခုနှစ်နှင့်နောက်ပိုင်းတွင် Jardine Shipping သည် မိမိအမျိုးသားသင်္ဘောလိုင်းကြီးနှင့်အ ပါတ်စဥ်နီးပါး ဟောင်ကောင်+စင်္ကာပူမှလာရောက်ဆွေးနွေးကြသည်။ ကျွန်တော်တို့လည်း ဝန်ကြီး ရုံး + ရှေ့နေချုပ်ရုံး + တရားရုံးချုပ် + မြန်မာရင်းနှီးမြှုတ်နှံမှုကော်မရှင် + နိုင်ငံခြားရေးဝန်ကြီးဌာန + စီးပွား ရေးဝန်ကြီးဌာန etc. များသို့သွားရောက်-ဆွေးနွေး-စာတို/စာရှည်ရေးတင်ပြရသည်မှာ ရေ ထွက်-ချောင်းပေါက်မတတ်ပါ။ ဤသည်နှင့်စပ်လျှင်း၍ဌာနတွင်းရှိလုပ်ဖေါ်ကိုင်ဖက်များ BFSL CFS ပေါ်ပေါက်ဖြစ် မြောက်ရေးကို ငွေကြေးပိုမရ-ရာထူးဆုသည်ဝေး-မမောမပန်း-အချိန်များစွာပေး ဆပ်-အခွင့်အရေးမမျှော်ကိုး-ကိုယ်ထိလက်ရောက်-စိတ်ရောကိုယ်ပါ-အနစ်နာခံ-ကူညီသူအားလုံး အား ယနေ့တိုင်ကျေးဇူးဥပကာရတင်လျှက်၊ မမေ့မလျှော့ပါ၊ စေတနာနှင့်မေတ္တာများကိုလေးစား လေသည်။ ဌာနကြီးကိုကျွန်တော်တို့အားလုံးချစ်မြတ်နိုးကြပါ့ဗျာ။
(ဆက်ရန် ၀၅.၀၇.၂၄နေ့ရက်)
ဒီတောင်မောင်ဘယ်လိုကျော်ဖြတ်ရမှာလဲ? (အပိုင်း-၂ ၀၅/၀၇/၂၄)
ဖိုးဖိုးကြီးပုံပြင်လေးကိုဆက်ရက ……
Jardine အဖွဲ့သည် နှစ်ပေါင်းနှစ်ရာခန့်သင်္ဘောလုပ်ငန်းဆိုင်ရာစီးပွားအ တွေ့အကြုံသမိုင်းခိုင်မာစွာရှိ ပြီး၊ နိုင်ငံအမြောက်အများနှင့်ကမ္ဘာ့ဆိပ် ကမ်းနှစ်ရာခန့်တွင်လုပ်ငန်းများရှိသည်နှင့်အညီ၊ Jardine Shipping Hong Kong သည်လည်း ရာကျော်ခန့်သင်္ဘောဧဂျင့်စီများကိုင်တွယ်ထားရာ၊ CFS လုပ် ငန်းသည်အသစ်အဆန်းတစ်ရပ်ဖြစ်မည်မထင်မြင်ချေ။ သို့ပင်ငြား BFSL အတွက်ကိုမူ၊အမှန်ကိုဝင်ခံ ရက မိမိတို့တစ်ခုတည်းသောနိုင်ငံတော်သင်္ဘောလိုင်းကြီး၏ CFS လုပ်ငန်းသည်အသစ်အဆန်း-ထ္မင်းစားရေသောက်မဟုတ်ပေ။ ရုံးတွင်းနှင့်ပြင်ပတွင် မလိုလားသူ၊ ဖျက်လိုဖျက်စီး၊ ဝစီပိတ်အခွင့် ရေးသ္မား၊ ဒို့မသိ/ဒို့မပါ၊ ဝေဖန်/ကဲ့ရက်၊ ပြစ်တင်လိုသူ၊ သင်္ကြန်အမြောက်၊ အပျုံးမျက်နှာဖုံးနှင့်၊ ဆို ချင်ပြောချင်၊ နှန်းဖြူး၊ မာရ်နတ်သူတွေကြား လုပ်ငန်းသစ်အကောင်အထည်ဖေါ် ရသည်မှာ လား ရှိုး သိန်းအောင်ဆူးခင်းလမ်းသဖွယ်ဓမ္မတာဖြစ်သော်၊ ပညာရဆိုရ၏။ ဤဖြစ်စဥ်မျိုးသည်တားစီးမရ၊ မိ မိတို့အတွက်အမှားနည်းသည်ပေါ့ဗျာ။ ပူး ပေါင်းဆောင်ရွက်စဥ်းစားရသည်မှာများလေစွ။ Docu-mentation flow + time frame၊ transhipment၊ technology၊ legal matters၊ etc. e.g. BFSL တွင်လက်ရှိ b/l သည် conventional service ဆိုင်ရာအားမီးပေါင်းထိုးထားလေ၏၊ သို့ဖြစ်ရာ CFS b/l ဆိုင်ရာ back clauses နှင့်ကိုက်ညီမည်မသင့်ချေ။ ဤတွင် Jardine Shipping သည်များစွာ သောကုန်သေတ္တာသင်္ဘောလိုင်းများ၏ဧဂျင့်အဖြစ်ဆောင်ရွက်ရာ၊ plenty အတွေ့အကြုံစုံဆိုရမည်၊ ထိုကြောင့် BFSL CFS b/l back clauses တွင်ပါရှိသင့် ဥပဒေနှင့်စာပိုဒ်များအတွက်အကြံကောင်း များဆွေးနွေးကြ၍ စင်္ကာပူတွင်မြန်ုံဆန်စွာ ပုံနှိပ်ဖြန့်ဖြူးပေးလေစွ။ အချုပ်အားဖြင့်ဆိုသော် BFSL နှင့် Jardine Shipping Hong Kong JV ရန်ကုန်မြို့တွင်လက်မှတ်ရေးထိုးစဥ် ဖေါ်ပြပါအချက်များ ပါရှိလေသည်။ # လုပ်ငန်းသည် Burma Five Star Line (BFSL) Container Feeder Service (CFS) # BFSL သည်အများစုရှယ်ယာပိုင်ရှင် # CFS commercial Management သည် Jardine # စာချုပ်သက်တမ်း(၅)နှစ် # CFS လုပ်ငန်းအရှုံးပေါ်က Jardine တာဝန်နှင့်စာရိတ် # CFS မတည်ငွေ သည် Jardine # CFS ပြေးဆွဲခြင်းသည် ရန်ကုန်နှင့်စင်္ကာပူကြား # CFS technology နှင့်လုပ်ငန်းပ ညာရပ်ကို Jardine မှ BFSL သို့သင်ကြားလွှဲပေးရေး # ဘဏ်တာရေးစာရင်းဇ ယားအားလုံး U$ Dollar၊ # ကုန်သေတ္တာသင်္ဘောတင်ဆောင်ခ စာရင်းသွင်းစနစ် စသည်များပါရှိသည်ကိုအမှတ်ရ ပေကြောင်း။
၁၉၉၃ခုနှစ်တွင် BFSL CFS ပထမဦးဆုံးအချိန်ပိုင်းကုန်သေတ္တာအငှါးသင်္ဘောသည် m.v. Integra ရန် ကုန်/စင်္ကာပူ/ရန်ကုန် run ဖြစ်ပြီး၁၉၉၄ခုနှစ်စာချုပ်သက်တမ်းကုန်ဆုံးရာတွင်၊ BFSL ပိုင်ပဲခူးနှင့်စစ် ကိုင်းဘက်စုံသုံးသင်္ဘောများကိုကာလပေါက်ဈေးနှင့်ဆက်လက်အစားထိုးငှါးရမ်း၍ ရန်ကုန်/Port Klang/စင်္ကာပူ/ရန်ကုန်ခရီးစဥ်များကို ဒုတိယစာချုပ်သက်တမ်းပြီးဆုံးသည်ထိပြေးဆွဲလေသည်။ BFSL သည် F.E. charter hire ထပ်ဆောင်းဝင်ငွေတိုးပွားရရှိလေသည်။ Jardine သည် CFS ကုန် သေတ္တာရရှိအတွက် Phee International Ltd အားရန်ကုန်တွင် marketing agent အဖြစ်ခန့်အပ်၍ ပြည်ပ၌ ၎င်းမှတာဝန်အလုံစုံယူ marketing ပြုလုပ်လေသည်။ BFSL CFS ရုံးတွင် Phee ဝန်ထမ်း များနှင့်အတူပူးပေါင်းထိုင်၍အလုပ်လုပ်ရင်း အတွေ့အကြုံသင်ကြားမှုပြုလုပ်ကြ၏။ Jardine ရွေး ချယ်ဝန်ထမ်းမျာကလည်း အိမ်ငှါးရမ်း၍ကိုယ်ပိရင်ပိ BFSL CFS အလုပ်များကိုဆောင်ရွက်ကြီကြပ် အကူညီပေးကြပြီး မြန်မာပြည်တွင်ပထမဦးဆုံး နောက်ဆုံးပေါ် shipping mini computer တတ် ဆင်၍ documentation flow အားခေတ်နှင့်ညီပြုပြင်သွက်လက်စေသည်။ ဒေသရှိကုန်သေတ္တာ လိုင်းများဖြစ်ကြသည့် Lian Huat, Hub, Eagle Shipping နှင့် ACL လိုင်းများကိုယှဥ်ပြိုင်ရင်း၊ (၅)နှစ်သက်တန်းကာလတွင် BFSL CFS သည်အမြတ်အစွန်းပေါ်ပေါက်ခဲ့ပြီး၊ နောက်(၅)နှစ်ကာလဆက် လက်၍ထပ်မံစာချုပ်သက်တမ်းထိုးမြင့်ခဲ့သည်။ Myanmar Container Line (MCL) သည် မည် သောကာလတွင်လုပ်ငန်းရပ်ဆိုင်းချုပ်ငြိမ်းသွားကြောင်းမသိချေ။ BFSL CFS လမ်းခရီးသည်လုံးဝ ဖြောင့်ဖြူးသည်မဆိုလိုနိုင်သော်၊ လုပ်ငန်းပညာ-F.E. အမြတ်-နာမည်-ဈေးကွက်ယုံကြည်မှုရရှိခဲ့ လေသည်။ ထိုကာလဝယ် မိမိတို့ရွှေပြည်ကြီးသည် planned economy နှင့် အရှေ့တောင်အာရှတွင် ကျင့်သုံးနေသော market economy ၌ BFSL CFS ယှဥ်ပြိုင်ရသည်မှာ၊ အသီးခြင်းပင်ဖြစ်ငြား၊ ပန်း သီးနှင့်သရက်သီးသကဲ့ကွာခြားရာ ကြောက်ခမန်းလိလိခက်ခဲစွာကြိုးပန်းခဲ့ရသည်။ သို့သော်မြန်မာ ကုန်သေတ္တာသယ်ဆောင်မှုဈေးကွက်တွင် နောက်ဆုံးအဆင့်မှပထမနေရာသို့ ဆွပ်ခူးရရှိခြင်းသည် မိမိတို့ရွှေပြည်သားအနေနှင့်ဂုဏ်ယူဝံ့ကြွားမိသည်။
CFS လုပ်ငန်းကို ၉၉.၉% နိုင်ငံခြားကုန်သေတ္တာသင်္ဘောလိုင်းများမှ BFSL နှင့်ပေါင်းစပ်ရန်ပယ်ချကြ သော်၊ ကောက်သင်းကောက်ဆိုရက Jardine Shipping Hong Kong မျှော်တွေးတွက်ချက်မှုကို အ မှတ်အပြည့်ပေးရပါလိမ့်မည်။ Minor shareholder ဖြစ်သည့်အပြင် မတည်ငွေ (capital) ၁၀၀% ရင်းနှီးမြုပ်နှံရဲခြင်းသည်သတ္တိရှိဆိုက ပြည့်စုံမည်မဟုတ်၊ ၎င်းတို့သည်အသေးစိတ်တွက်ချက် ထား+ လုပ်တတ်ကိုင်တတ်+ရန်ကုန်ဈေး ကွက်ထက်တစ်ကွက်ကျော်မြင်သည်ဆိုရပေမည်။ ဒေသကုန် သေတ္တာသင်္ဘောလိုင်းများမှ Jardine သည်အမှားကြီးမှားရွင်း၊ BFSL နှင့် JV ပြုလုပ်ခြင်းမှာမျက်မမြင်နှင့်ခရီးအတူထွက်ခြင်းနှင့်တူညီရာ၊ အနှေး နှင့်အမြန် goodnight မည်ဟောကိန်းထုတ်ကြ၏။ JV မှ၎င်းတို့ big, big wrong ဖြစ်ကြောင်းသက်သေထူပြသလိုက်သည်။ ကျွန်တော်သည် Jardine Shipping HK လူကြီးကိုလေ့လာသုံးသတ်သော်၊ အထက်တန်းအောင်မြင်ခြင်းလက်မှတ်ကင်း မဲ့ သော်ငြား၊ မြင့်မားသောညဏ်ရည်-ဗြဟ္မဝိဟာရလေးပါး မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာပွားနိုင် သူဖြစ် ကြောင်းတွေ့ မြင်သတိထားမိသည်။ ယနေ့ပြန်လည်သုံးသတ်လေရာ၊ တပည့်ဟောင်းများသူ သွားလေရာနောက်လိုက်ကြသည်မှာ အကြောင်းရှိမည်သုံးသတ်မိလေရဲ့ဗျာ။ ဆရာကောင်းတပည့် ပန်းကောင်းပန်ဆိုရမလားပဲ။
မိမိတို့ရွှေပြည်ကြီးမှာတော့ ဝန်ကြီးမျက်နှာတော်မသာယာ၍၊ လက်ညှိုး ညွှန်ရာ မြန်မာကုန်သွယ်ရေ ကြောင်းကျောင်း/ကောလိပ်သို့ BFSL CFS ဒုတိယစာချုပ်သက်တမ်းမကုန်ဆုံးမီ ကျွန်တော်ပြောင်း ရွှေ့ခံရ၊ MD နှင့် CFS မန်နေဂျာနှစ်ယောက် goodnight ကြွေလွင့်၊ ရေကြောင်းအရာရှိချုပ်သေဆုံး၊ ဒုတိယရေကြောင်းအရာရှိချုပ်နှင့်လ/ထအထွေထွေမန်နေဂျာ-သာကေတသည် မြန်မာရေကြောင်း တက္ကသိုလ်သို့ညောင်းရ၊ ပြောင်းရွှေ့ + goodnight များသည်အချိန်အနည်းငယ်ခြားသော်၊ ဖွဲ့စည်းပုံ ပြိုကွဲကျ သည်ဆိုရမလားပါပဲ။ သို့အဖြစ်ပျက်များကြောင့် BFSL CFS အပြီးသတ်ဇာတ်ကြောင်းမ သိရှိတော့ချေ။ ယနေ့တွင် conventional fleet သည်လည်း ၃/၄စီးသာရှိ၊ MFSL CFS သည်နာမည် +ဝန်ထမ်းများသာကျန်၊ CFS အမာခံသန္ဓေဝန်ထမ်းဟောင်းများတွေသည်လည်းထွက်-အပြင်လော ကရောက်-ပင်စင်ယူ etc. ပေါ့။ ကာလကြာမြင့်ခဲ့ပြီဆိုရာ၊ တရားသဘောနှင့်ရှုမည်ဆိုက ဖြစ်ပြီး-ပျက်ရမည်လေ။ အချို့သောလက်ရှိဝန်ထမ်းများမှ BFSL CFS သမိုင်းကြောင်းကိုမကြားဖူးကြချေ။ သူတို့တတွေပြောဆိုချက်များနားဆင်ရသည်မှာ လုပ်ငန်းပညာတတ်ရန်မလိုအပ်တော့ပါ-သိလည်း မသိလိုပါတဲ့။ ဒီအိုပယ်ကြီးသည်လည်း ဆောက်တည်ခဲ့သည့်ပုံပြင်သာကျန်ရှိလေတော့ စိတ်လုံးဝမချမ်းမြေ့သော်၊ တရားနှင့်သာဖြေသိမ့်ရပေတော့သည်။ ပြည်မြန်မာဈေးကွက်တွင်သာမက၊ အရှေ့ တောင်အာရှဒေသတခွင်တွင် တစ်ချိန်သောကာလက ဆယ်နှစ်ဆယ်မိုးတိုင်တိုင် BFSL CFS နာမည် ကောင်းရခဲ့သည်နှင့်ရန်ကုန် container major market share holder ဖြစ်ခဲ့ခြင်းကို သခါင်္ရအမြင် နှင့်သာလျှင်မှတ်ယူ ဖြေသိမ့်လိုက်ရပါတော့သတည်း။ ပြာပုံမကျန် လောင်ကြွမ်းခြင်းသည်ပုံပြင် တောင်ဟုတ်ပါ့မလားအဆင့်ဆိုလေရာ ဖိုးဖိုးပုံပြောပြရလေခြင်း။ တော်သေးပြီနော်၊ ဤမျှသာ!
P.S. နိဂုဏ်းချုပ်
ရွှေပြည်ကြီး၏တစ်ခုတည်းသောအမျိုးသားကြယ်ငါးပွင့်လိုင်းကြီး၏သမိုင်းကြောင်းတွင်လုပ်ဖေါ် ကိုင်ဖက်များနှင့်အတူ တစ်လိုင်း ကလောင်ရေးခွင့်ရရှိခဲ့ခြင်းသည် ယနေ့တိုင်ကျွန်တော်အထူးဂုဏ် ယူကျေးဇူးတင်မဆုံးချေ။
ကျေးဇူးကမ္ဘာ