Wednesday, 15 October 2025

The Withering (A short essay)

"To be, or not to be, that is the question."

William Shakespeare penned this line in the renowned play Hamlet. It encapsulates a central philosophical dilemma about the meaning of life and death—whether it is nobler to suffer life’s hardships or to escape them through death.

As for me, life is no longer like a box of chocolates, as Forrest Gump once smilingly said. I am well past that era. That question seems almost childish now, in my Autumn years. These days, life feels more like a period of reflection before the pearly gates—or a plunge into depths where sins are to be reckoned with. And I have plenty of those.

Some wish they could turn back the clock to Spring and start again: to chase wealth anew, to right old wrongs, to take a different path toward their Autumn. There are those who now regret the drinking, the smoking, the poor diets, and finally give breakfast the attention it never had in their youth.

I once knew a chap, a salesman at a hardware store in our district. He remarked, “I’m nearly fifty now, and I’ve come to realize how much I neglected my studies when I was young. Had I pursued a proper degree or served an apprenticeship, I wouldn't be standing behind this counter today.”

Well, that’s the way the cookie crumbles, some might say. To each their own, I suppose. I just gave him a sheepish smile and left it at that—no further comment.

We all come to terms with our Autumn years in our own ways—and believe me, there's no shortage of methods or modes. Sooner or later, we all look back—alone or with others—and pass judgment on ourselves. We reflect, we regret, we recount. Some pass on their lessons so others may avoid the same pitfalls.

I find it fascinating how differently we process our Autumns: some battle it, some embrace it, and some ignore it altogether. Hence, we have words like repenthindsightresent, and reflect in our language.

As for me, I prefer to let nature chart its course. Now actively retired and well into my seventies, I don’t spend much time dwelling on the years gone by. I take life as it comes.

Perhaps my outlook is shaped by my economic situation—not that I’m wealthy, mind you. Who doesn’t wish for happiness, good health, and financial security? But such privileges are reserved for a fortunate few. There always seems to be something missing, or something we feel we could have done better. Still, perhaps it’s best to let bygones be bygones.

Even if we could turn back time—like in the fiction of H.G. Wells—life might become unnatural and chaotic. That’s not something I would choose.

These days, I find myself reminiscing. I recall the good times and the not-so-good, wondering where the people from my past are now. I play my favourite songs over and over again—"In My  Life" by The Beatles and "Yesterday Once More" by The Carpenters. It’s all music to my ears.

Turning back to the hardware salesman, I do sympathize with his regrets. But at some point, there’s no use crying over spilt milk. Better to start amending things once the realization sets in—if you can. Otherwise, tough luck, my friend.

Not a very kind thing to say, I admit—but that’s life. Fate is tricky. They say it’s written on our foreheads at birth, and all we can do is try to make the best of it. Not all animals are equal, as Orwell reminded us.

As for the eternal question of why—perhaps that is best addressed to God, if one believes in such things.

To err is human, and mistakes are part of the journey toward Autumn. I’ve made too many to count. So I sit back, smile, play the cards I’m dealt, shrug it off—and carry on. Que sera, sera. I firmly believe in the saying: laughter is the best medicine. Agree?

After Autumn, Winter waits patiently. We all must make that final journey. Some, unfortunately, rush their Autumns and cross over early.

I’ve read in the news of farmers in parts of India who, overwhelmed by debt, ended their lives. My heart aches for them. I’ve also known people personally who ended their lives so as not to be a burden to their families.

Right or wrong, that was their decision, and I can only respect their will. Still, it is deeply saddening to see lives end before nature intended.

This life—this one chance—is precious. We must try to make the best of it in whatever way we can. But we should not end it prematurely.

At the same time, we must appreciate the struggles of others. Think of the soldiers who died for their countries—many never even reached Autumn. I find that most commendable. Without them, we might not even have a land to call home.

Winter is inevitable.
It does not call us, yet we all go.
As the proverb says, all roads lead to Rome. It’s just a matter of time, mon ami.

So let us celebrate and treasure life, even in our Autumn years. Lounge back, relax, reflect, share our experiences, and confer whatever wisdom we can to those willing to listen.

For what it’s worth, life is precious—let us try to make the best of it. Food for thought, I’m sure.

Best of luck, and thank you.

https://youtu.be/60ItHLz5WEA?si=tSvHQnHFaZitIODE

Hitch Hiking

 ကျောဘိုးအိပ်ထမ်းခရီးစဥ် HITCH HIKING (Part 1 - first of two parts)

 Beatles, Rollling Stones, The Birds, The Animals etc. ခေတ်ပေါ့၊ ၁၉၆၂/၆၃နှစ်ပတ်ဝန်းကျင်

ထင်လေရဲ့။ မိမိဆယ်ကျော်သက် လူပျိုပေါက်ထဲဝင်စပြုလေပြီဆိုလေရာ၊ အတွေးအခေါ်သည်နု နယ်သေးသည်သာမက အပျော်ကြူးပေါ့ဗျာ။ ကျွန်တော်သည် ဘို-အင်္ဂလိပ်အမျိုးအနွယ်မဟုတ်ပင် ငြား၊ တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုး ဆိုရိုးသကဲ့၊ မိခင်အလုပ်ရှိရာလိုက်၍ လန်ဒန်မြို့တွင်ကျောင်း နေရသော်၊ ဘိုအတွေးအခေါ်အနည်းငယ်ရူးသွတ်မိလေသည်။နွေရာသီရက်ရှည်ကျောင်းပိတ် (ဇွန် လိုင်လကုန်မှဩဂုတ်လကုန်ထိ Summer Holiday) ဆိုလေရာ၊ 'When in Rome, Do as the Romans Do' စာဆိုအတိုင်း ဟိုဟို-ဒီဒီသွားလာလိုတယ်လေ-ခြေဖဝါးဗွေပါလာလားမသိ။ ဥရော ပ တိုက်မတီလေးတွေက ရှုမဝ ချောဆိုကြတာပဲ။ သူငယ်ချင်း Roger Harrison ပြောကြား ချက်အရ၊ Paris, Nice, Monti Carlo, Milan, Alps, Lake Lucerne နှင့် Geneva သည်လွန်စွာစိတ် ဝင်စားစ ရာနေရာများဖြစ်သည်အ လျှောက်၊ ခရီးလမ်းထောက်လေသော်၊ နွေရာသီတွင်မတူညီရာသီဥတုမျိုး စုံလျှင်စွာကိုခံစားရသည်တဲ့။ Roger သည် National Geographic Magazine ကိုစိတ်ဝင်စားသူ ဖြစ်၍လစဥ်ဝယ်ယူဖတ်ကြားသူမို့ မိမိတို့အသိုင်းအဝိုင်းတွင် သူ၏ကမ္ဘာ့ပထဝီအမြင်အပေါ် လေး စားရသူထမြှောက်လေသည်-ဆရာကြီးပေါ့။ Roger Harrison က ဥရောပတခွင် ကျောဘိုးအိပ် ထမ်း (hitch hikingခရီးစဥ်စွန့်စားသွားရောက်လျှင် ငွေကြေးကုန်သက်သာနိုင်သည်တဲ့ဗျာ-ကျန် ဘော်ဘော်များ Peter Sands, Roger Goodchild နှင့် Terence Sebastian များမှာကိုယ်ပိုင်အ စီအဆင်များရှိကြရာ hitch hiking ခရီးကိုစိတ်ပါဝင်စားမှုမရှိကြလေရဲ့။ ကျွန်တော်က မိသားစုမပါ ခရီးမထွက်ဖူး သည် ကတစ်ကြောင်း ငွေကြေးကုန်သက်သာနိုင်မည်ဟောကြားရာ သူငယ်ချင်း Roger ၏အာဖေါ်များကို စိတ်ဝင်တစားရှိလေပါ့-မင်္ဂလာသတင်းသဖွယ်ဆိုရအံ့၊ ကျွန်တော်၏ဦး ခေါင်းထဲတွင်ပျော်မဆုံး-ကလားဘုရားလှည့်သကဲ့ဖြစ်ရာ၊ မိမိတို့နှစ်ယောက်သည် ဒူးတိုက်အသေး စိတ်အချိန်ပေး၍လေ့လာလေကြသည်။ ကျောင်းတွင်လည်းနေ့လည်စာစားပြီး cafeteria တွင်သူ ၏အာဖေါ်မျာကိုကျွန်တော်အသေအချာနားသောတဆင်လေသည်။ မိမိတက်ရောက်ကျောင်းသည် ယောက်ျားလေး only ကျောင်းဖြစ်ရာ ဥရောပတစ်ခွင်မြည်းစမ်းစားလိုတယ်လေ။  ကျောင်းစာဖြည်းဖြည်းပေါ့နော်။

 

ထိုစဥ်၊ မိမိဘဏ္ဍာရေးအခြေအနေကိုတင်ပြရက၊ ကျွန်တော်သည်နှစ်ရှေလများ ရာသီမရွေး အာ ရုံမတိုင်မီ နံနက်တိုင်း မိမိတပတ်ရစ်ပြင်သစ်ပြိုင်စက်ဘီးနှင့်သတင်းစာပို့သည့်ရရှိငွေကြေးမှာ စာတိုက်တွင်စုဆောင်းထားရာ ပေါင်လေးဆယ့်ငါး (£45/-)ကျော်ချမ်းသာနေပြီလေ။ မကြာ မီနောင်နှစ် GCE စာမေးပွဲကြီးဖြေဆိုရန်စာဖတ်-ကျိုးစားရမည်မှာ နောင်ခါလာ-နောင်ခါဈေး၊ ဖြစ် ချင်ရာဖြစ် မောင်ဘချစ်ပဲ။ စိတ်ပူသောကရောက်ခြင်းကင်းမဲ့၊ ကြောက်လန့်ရမှန်းမရှိ၊ ရှက်ရမှန်း မသိ၊ ဒုက္ခဆိုသည်အဘယ်နည်း? အပျော်အပါးသည်သာပဓါန။ ကျန်သည်များနောက်မှ ကြည့်ရှင်း၊ မြင့်မားသောကျွန်တော်လူငယ်၏အတွေးအခေါ်မှာ”ရွှေ”ချလောက်ရလေရဲ့။ 

 

မိမိသည် သူငယ်ချင်း Roger နှင့်အတူ ဈေးအပေါဆုံး ”ဘိုင်ပွတ်”ဖေါ်ညွန်းပါကျော်ဘိုးအိပ်ထမ်း (hitch hiking) ဥရောပခရီးစဥ်ကို Shell ဓါတ်ဆီဆိုင်တိုင်းတွင်ဝယ်ယူရ ကားမောင်းလမ်းညွှန်းမြေ ပုံနှင့်စီစဥ်တွက်ချက်ကြသည်မှာ ကိုင်တွယ်ခြင်းလွန်ကဲ၍ သင်ခါရသဘောအရ စက္ကူလမ်းပြမြေပုံ သည်လေး/ငါးပိုင်းကြွေလျှက်ရှိလေသည်၊ ကျိုးစားကြသည်မှာ”နိုးတူး”ဆိုရအံ့။ ကျွန်တော်သည် မိမိပြိုင်ဘီးအတွက် Benelux 10 gears system ဝယ်ယူရန်မှာ ဦးစားပေးအဆင့်မှနောက်ဆုတ် လိုက်ရလေပေါ့ဗျာ။ လတ်တလောရပ်ကွက်စက်ဘီးဆိုင်ရှေ့မှန်ခန်းထဲတွင် ခင်းကျင်းပြသထားများ သည်ကိုပင်လျှင်ခြေရာထပ်ဆက်လက်ငေးမော-မျှော်-သရည်ကျအဆင့်မှတိုးတက်ခြင်းမရှိချေ။ မိခင်အားကိုးရ အောင်လည်း သံရုံး ရုံးအုပ်လစာနှင့်ကလေးသုံးယောက်အား ဆင်-ကျွေး-စာအုပ်ဖိုး-လမ်းစရိတ် သည်အနိုင်နိုင်ဆိုလေကာ မာမီထံနားပူက ကောင်းကောင်းကြီး goodnight သွားနိင် တယ်လေဗျာ။

(ဆက်ရန်)

 

ကျောပိုးအိပ်ထမ်းခရီးစဥ် HITCH HIKING (Part 1 - second of two parts)

လူငယ်/ကျောင်းသူ+သားများအတွက် ကျောပိုးအိပ်ထမ်းခရီးစဥ် (hitch hiking) သည် ထိုစဥ်ဘိုး တော်ဘုရားလက်ထက်တွင်လွန်စွာခေတ်စားသည်ဆိုပေရလေမည်။ ကျွန်တော်သည်လည်းထိုအ ရူးထစာရင်းတွင်အဖွဲ့ဝင်တစ်ယောက်ပါ။ သို့ပင်ငြား hitch hiking ခရီးထွက်ရန်မှာ ဟိုဟာနှင့်ဟိုဟာ မှလွှဲ၍မည်သည့်ပစ္စည်းမှမရှိချေ။ မိမိနေအိမ်မြေညီထပ်တွင် Irish သူနာပြုအမျိုးသ္မီးလေးယောက် နေထိုင်သည်။ ကျွန်တော်နှင့်ယှဥ်က မမတွေကနှစ်ဆယ်ကျော်သက်တွေ-အပေါ်/အောက်နေထိုင်ကြ တော့လည်းဘော်ဘော်တွေဆိုရအံ့။ Ellise ကတော့အိပ်ချိန်မှလွှဲ၍မရှိပါ၊ အလုပ်ကတတ်မျိုး၊ Boy-friend နေတိုက်ခန်းလေးမှာချက်ပြုတ်ပြုစုရသည်မှာတစ်ဖုံဆိုလေရာ-good morning/goodnight ပေါ့။ Irene က အရပ်အမောင်းကောင်းလေသော် ကူညီတတ်၍ light feather sleeping bag ငှါးပေး သည်။ အချောဆုံး Nurse Kildare က လွန်ခဲ့သောသုံးနှစ်ခန့်ကသူမ Ireland မှ London သို့ရွှေ့ ပြောင်းစဥ်ဝယ်ယူထားသောမီးခိုးရောင် waterproof canvas rucksack ငှါးပေးပြီး၊သူနာပြုချုပ်  Sister Belle က First Aid Kit နှင့်  £5/- for a rainy day ဆို၍ပေးလေရဲ့။  Sister Belle အားကျန် သုံးယောက်မှ၎င်း နောက်ကွယ်တွင် The Matron ဟုခေါ်‌ဝေါကြ၏။ အကြောင်းမှာ Sister Belle သည်သူတို့လေးဦးအနက် အရွယ်အရှိဆုံး(၂၅/၂၆) ထင်ပါရဲ့ဗျာ။  ထိုအပြင် အုပ်ချုပ်တတ်ကျွမ်း-“she” who must be obeyed လေ။ သူမ၏ရုပါပုံပန်းသဏ္ဌာန်မှာရွက်ကြမ်းရေကြိုမဆိုလိုချေ၊ County Limerick, Ireland မှာဘဲရှိသတဲ့-ဟုတ်မှာပါ၊ သို့ပင်ငြား ထိုသူယောကျ်ားအားသနားမိ သည်။ Matron က (၁၈)လတစ် ကြိမ် (၃)ရက် မာမီ/ဒယ်ဒီထံပြန်လေသည်။ Miss Kildare နှင့် Irene က မီးဆင်ကြည့်ကကြပြီး၊  Ellise  ကမ္ဘာက သူ့ Boyfriend ပဲ။ ကျွန်တော်က သုနာပြုမမ များကြားတွင်မောင်လေးလုပ်-လ္ဘက်ရည်သောက်/ဘီစကွတ်စားရ၍၊ စိတ်ပြေလက်ပြောက်ရှိပြီး ပျော်မှပျော်။ မာမီမှလည်းနိုင်ငံကူးလက်မှတ်မပပျောက်စေရန် လက်ချုပ်နှင့်လည်ပင်းလွယ်အိပ် လေးချုပ်ပေးသည့်အပြင် မိမိလိုလားသောသေးငယ်မြန်မာနိုင်ငံတော်အလံကိုပါ ကျော်ပိုးအိပ် နောက်ဖုံးပေါ်သီကုန်းချုပ်ပေးသေးသည်။ငယ်စဥ် ထဲမှမြန်မာပြည်သားဖြစ်ရသည်ကိုဂုဏ်ယူသည်။ အမေနှင့်မြေညီထပ်နေ Irish သူနာပြုမမတွေမေ တ္တာ-စေတနာမှာပြောမဆုံးလေစွ။

 

ကျွန်တော်၏ကျောပိုးအိပ်ထဲတွင်အထူးတလယ်မပါချေ။ Bare minimum ဆိုရအံ့။ ဦးထုတ်အပျော့၊ ဂျင်းဘောင်းဘီ(အပို)မီးပူထိုးမလိုအနွေးထည်နှစ်စုံ၊ လက်အိပ်၊ အတွင်းခံဘောင်းဘီ-ခြေအိပ်ထူ လေးစုံစီနှင့်လက်နှိပ်ဓါတ်မီး+မီးချစ်+အတိုထွာများသာပါရှိသည်-Camera မရှိပါ။ လမ်းလျှေက်များ မည်ဖြစ်၍ အနက်ရောင် ex-military boots  သာစီးလေသည်၊ လှရန်မလို-သက်သာစေရန်သာအဓိ ကလေ။ German Army surplus Parka ကမိုက်သဗျ၊ ပူ/အိုက်က inner wool lining အား ပါရှိ zip နှင့်ဖြုတ်ရသည်။ ကျွန်တော်၏နေ့စဥ် overcoat လေဗျာ-ထိုခေတ်လူငယ်ဖယ်လေ။ သွားမည့်လမ်း ကြောင်း၊ ကြာမြင့်ကာလ၊ စားစရိတ်၊ ခရီးစရိတ်၊ တွက်ချက် လိုက်သည်မှာနှစ်ဆယ် ရက်မကျော်-သူငယ်ချင်းများမှငွေသား £20/25 ခန့်ဆိုလျှင်လုံလောက်သည်အကြံပြုကြရာ၊ မိမိစုဆောင်းထား လေသောပေါင်သုံးဆယ်ကိုအန္တရာယ်ကင်းစေခြင်းအလို့ငှါနှင့် သွားရောက်လည်ပတ်မည့်နိုင်ငံစုံလေ ရာ traveler cheques အဖြစ်ရှိစုမတ်စုကိုပြောင်းယူလေသည်။ Traveler cheques+ Passport နှစ်မျိုးး အားအတူထား၍ လည်ပင်းလွယ်အိပ်တွင်လွယ်သိုင်းယူဆောင်သွား၏။ ဥရောပ ကျော်ပိုးအိပ်ထမ်း(hitch hiking) ခရီးစဥ်အား school summer holiday အစ၊ ရုံးဖွင့်ရက်တွင် Saint Pancras ရထားဘူ တာကြီးလက်မှတ်ရောင်းရုံကောင်တာအရှေ့နံနက်ခွန်နှစ်နာရီတွင် Roger နှင့်စုံကြလေပေါ့။ ကျောင်း ကြီးရက်ရှည်ပိတ်ဖြစ်ရာ ခရီးသည်အများအပြားအားရှောင်ရှားမရချေ။ မိမိတို့လန်ဒန်မှဒိုဘာ (Dover) ဆိပ်ကမ်းသို့ hitch hike မပြုလုပ်ခြင်းအကြောင်းမှာ၊ မလိုအပ်ပဲ အင်္ဂလန် တွင်အချိန်မ ကုန်ခံလို၊ ထို့ပြင် ဒိုဘာဆိပ်ကမ်းသည် ၁၀၀ ကီလိုမီတာသာကွာဝေးရာ၊ ရထားနှင့်စီးနှင်းက နှစ်နာရီ ခန့်သာအချိန်ကုန်ပြီးရထားစရိတ်သည်သက်သာလေ၍ အချိန်ပိုရင်းနှီးရန်မလိုအပ်ပေါ့ဗျာ။ သူငယ် ချင်းနှစ်ယောက်ဘုရားစူးနွေကာလ-မှိုင်းတိုင်းတိုင်း မိုးတဖွဲဖွဲရာသီဥတုနှင့်ဥရောပ သို့ကျော်ပိုးအိပ် ထမ်းခရီးသည် (hitch hikerဘဝဖြင့်ခရီးစဥ်စတင်ချေပြီလေ။ ကြည့်ရပုံထောက် နေမင်းကြီးအ အေးမိပြီးဒေဝေါနတ်သားနှာစေး/နှာယိုနေပုံတူလေရဲ့။ အင်း Parka ဝတ်/ယူလာတာမှန်လေရဲ့ဗျာ။

 

လူပျိုပေါက်ချာတိတ်သူငယ်ချင်းနှစ်ယောက် ပျော်ပျော်ပါးပါး British Rail ရထားကြီးစီးနှင်း၍ ဒိုဘာ (Dover) ဆိပ်ကမ်းသို့ ………… ကျေးဇူးကမ္ဘာ။

ကျောပိုးအိပ်ထမ်းခရီးစဥ် Hitch Hiking (အတွဲ-၂) (ပထမပိုင်း)

အချိန်အခါမဟုတ်နွေကာလ မိုးတဖွဲဖွဲရွာလေသော်ငြား အာရုံအလင်းသည်စောပေသည်။ မိမိနှင့် Roger တို့သည်နံနက်စောစောအိမ်မှထထွက်လာကြသည်မှာတစ်ကြောင်း၊ ရထားရိမ်းနွဲ့ခြင်းသည်ပ ခက်လွှဲနေသဖွယ်တူလေသည်ကတမျိုး၊ စောလွန်း၍လူသူနည်းပါးပြီးနွေးထွေးတွဲဖြစ်လေတော့၊

ကျွန်တော်တို့ကျောပိုးအိပ်ခရီးသည်ကား သကားလပ်သိုးမွှေးထိုင်ခုန်ရှေအားကုတင်သကဲ့ လှဲ လျှောင်းစက်တော်ခေါ်လေကြ၏။ နှစ်နာရီခန့်ကြာသော် Dover Priority Station သို့ဆိုက်ရောက် လာလေပေါ့ဗျာ။ ရာသီဥတုသည်ဆက်လက်၍မသာရာပါပဲ။ ဘူတာမှဖယ်ရီဆိပ်သို့လမ်းလျှောက်က ၂၀/၂၅မီနစ်သာကြာလေမည်ဖြစ်သော်၊ မွဲလျှင်မွဲသွားပါစေဆိုပြီး အများပြည်သူဘတ်(စ်)ကားစီးနှင်း ၍ဆယ်မီနစ်နှင့်ဖယ်ရီဆိပ်ကိုရောက်ခဲ့ကြလေပေါ့။ ဒိုဘာဆိပ်ကမ်းသည်ကျန်ကုန်သွယ်ရေးဆိပ် ကမ်းများနှင့်အထူးမခြားနားလေသော်၊ ဤဆိပ်ကမ်းသည်ပြင်သစ်နိုင်ငံ ကားလေ့ (Calais) နှင့် (၃၄)ကီလိုမီတာသာကွာဝေး၍၊ အင်္ဂလန်နှင့်ပြင်သစ်နိုင်ငံကြားအနီးကပ်ဆုံးဆိပ်ကမ်းဆိုရအံ့။ ဒိုဘာ ကမ်းသည်ကမ္ဘာတွင်ရေကြောင်းခရီးသည်အများဆုံးဆိပ်ကမ်းဖြစ်သည်သာမက၊ မိမိတို့စီးနှင်း လိုက်ပါမည့်ကူးတို့သင်္ဘောသည်လည်း ၎င်းဆိပ်ကမ်းတွင်ဆိုက်ကပ်လေသည်။ အင်္ဂလန်မှပြင်သစ် နိုင်ငံသို့လေယာဥ်မှလွဲ၍မည်သည့်ယာဥ်စီးစေကာမူ ကူးတို့သင်္ဘောကိုရှောင်ဖယ် မရပါ။ ထိုစဥ် Channel Tunnel မပေါရှိသေးချေ။ ကျွန်တော်တို့စီးနှင်းမည့်ကူးတို့သင်္ဘောသည်ကြီးမှကြီးပြီး ခန့်ငြားစွာကြိုဆိုနေပေါ့။ ကူးတို့သင်္ဘောကြီးသည်အထပ်မြောက်များစွာပါရှိသော်၊ မိမိကဲ့သို့သော ခရီးသည်များမှာ canteen တွင်သာနေရာမရွေးထိုင်ခွင့်ရှိ၏။ 

 

Canteen တွင်အများစုမှာဧရာမကြီး Juggernaut/large articulated lorry (truck)/HGV (Heavy

Goods Vehicle) ယာဥ်မောင်းများဖြစ်ကြသည်။ စိတ်ပြေလက်ပျောက်ဖတ်ရှုရန် အင်္ဂလိပ်+ပြင် သစ်ဘာသာသတင်းစာ-စာစောင်-မဂ္ဂဇင်းများထားရှိသည်ကို Roger မှသူ့ဘာသာသတင်းစာအားယူ ၍စိတ်ပါဝင်စားစွာဖတ်သည်။ ကျွန်တော်အရုပ်များများပါရှိ Beno-Danny- Teaser ကာတွန်းစာ စောင်အဆင့်သာဖြစ်၍ မိမိကျောပိုးအိပ်ကိုထိုင်ခုံဘေးချပြီး အကျိုးရှိစက်တော်ခေါ်ရန်သာပြင်ဆင် လေ၏။ မျက်မြင်အရ ခရီးသည်ပြောပလောက်အောင်မများချေ။ သူတို့တတွေက အစာစားသူစား-လ္ဘက်ရည်/ကော်ဖီသောက်သူများက ဝိုင်းဖွဲ့ကာလက်စုံစကားရွှီးလေရဲ့။ မကြာပါဘူး၊ သင်္ဘောကြီး သည်ဒိုဘာ Breakwater ကျော်သည်နှင့် English Cannel ၏ဂုဏ်သတ္တိတွေအစွမ်းပြလေတော့ သည်။ သင်္ဘောကြီးလူးလေသည်မှာ လက်ဝဲ-လက်ယာရှိစားပွဲ-ကုလားထိုင်များမှာအော်တိုလမ်း လျှေက်လေရဲ့။ ကျွန်တော်လည်းဗိုက်ထဲနေထိုင်မကောင်းခံစားရ၍ အနီးဆုံးအိမ်သာအခန်းသို့ပြေးရ လေ၏။ 

 

Roger သည်လည်းဖတ်လျှက်သတင်းစာကိုချ၍ မိမိနောက်လိုက်လာလေရဲ့။ အိမ်သာထဲဝယ်

တမန်နေ့စားထားသည်များအော့အားအန်လေတော့သည်။ ပြီးစီးသော်၊ နှစ်ယောက်သားအိမ်သာခန်း ရှေ့ကော်ဇောပေါ်ကျောခင်းလှဲရလေသည်-အရှက်တရားကိုအိမ်သာခန်းထဲဝယ်ထားကြလေပေါ့။ အ ချိန်ကာလအားမတွက်ချက်နိုင်ပါ။ White cliffs of Dover ၏သဘာဝရှုခင်းအလှကိုလည်းမရှုစား နိုင်ချေ။ Calais မဝင်ရောက်မီ၊ Duty Free Store ဖွင့်ချိန်ကိုစပီကာများမှအကြောင်းကြားသည်ကို လည်းဂရုဓမ္မမပြုနိုင်လေခြင်း။ Calais ဆိပ်ကမ်းအဝင်ကိုပါမျက်စိပဓာဏမခံစားနိုင်ချေ။ သူငယ် ချင်းနှစ်ယောက် flat လေဗျာ။

 

Ferry သင်္ဘောကြီးဆိပ်ကမ်းကပ်ပြီးလျှင်ကပ်ပြီးခြင်း၊ ခရီးသည်များဆင်းခွင့်ပြုသည်နှင့် ကျွန်တော် တို့သူငယ်ချင်းနှစ်ယောက်သည် ferry terminal အပြင်ဝရောက်သည်နှင့်လှမ်းကြည့်ရာ မိမိတို့သကဲ့ hitch hikers များလုံးဝမမြင်တွေ့ရ၍၊Roger မှဖယ်ရီပေါ်သတင်းစာအရ ပြင်သစ်တွင်လွန်ခဲ့သော ရက်အနည်းငယ်က hitch hiker နှစ်ယောက်သည် စေတနာကားမောင်းလာဇနီးမောင်နံအားဓါးနှင့် သတ်ဖြတ် ၍ငွေသားနှင့်တန်ဖိုးရှိပစ္စည်းများယူသွားသူများအား ပါရီမြို့တွင်ရဲမှဖန်းမိကြောင်းေါ ပြထားကြောင်းရေးသားထားသည်ပြောပြရာ၊ မိမိသည် ferry terminal money changer တွင် Matron ပေးထားသည့် £5/- အားပြင်သစ်ငွေလဲလှည်၍ Calias to Paris coach bus လက်မှတ်ဝယ် ယူကာ မိမိတို့နှစ်ဦးသည်ပါရီမြို့သို့ခရီးဆက်ရလေရဲ့ (traveller cheques မပွန်းပဲ့သေး) Coach bus တစ်စီးလုံးတွင်ကျွန်တော်တို့နှစ်ယောက်သာ hitch hikers များဖြစ်ကြသည်။ ပြင်သစ်တွေကမိမိတို့ အားရှိသည်တောင်မထင်ဥပေက္ခာပြုထားကြလေရဲ့ no problem! ဗိုက်ကဆိုင်းဝိုင်း ကြီးတီးမှုတ်မှ ဝမ်းဆာ မှန်းကိုသတိပြုမိ၏။ စားစရာဆိုလို့ army surplus aluminium ရေဘူးထဲတွင်ပါနီပါတယ် လေ။

(ဆက်ရန်)

 

ကျောပိုးအိပ်ထမ်းခရီးစဥ် Hitch Hiking (အတွဲ-) (ဒုတိယပိုင်း)

ပါရီမြို့ Bercy Seine coach station သို့ဆိုက်ရောက်လေသော်၊ ညနေ /.၃၀ခန့်ရှိလေပေါ့၊ နွေကာ လမို့အလင်းရောင်ရှိသေး၏။ Roger နှင့်မိမိဗိုက်များဆိုင်းဝိုင်းကြီးတီးနေသော်၊ မာမီမှာထားသည့်အ တိုင်းဤပါရီမြို့တွင်ကျောခင်းရန်နေရာလေးရရှိရေးသည်ဦးစားအဓိကဆိုရာ-metro မြေအောက်ရ ထားနှင့်မြန်မာသံရုံးစိုက်ရာ 60, Rue de Courcelles သို့မိုးမချုပ်မီ ခရီးဆက်လေသည်။ Courcelles metro station သည်သံရုံးနှင့်မဝေချေ-မိုးတော့ခေတ္တနားပေလို့တော်သေးရဲ့ဗျာ။ကျွန်တော်မြန်မာသံ ရုံးတံကားရှိ bell တီးသည့်အချိန်သည်ညနေစောင်းဆိုရအံ့၊ သုံး/လေးခေါက်တီးလေသော်၊ တံကား လာဖွင့်သူသည်အသက်ခြောက်ဆယ်နီးပါး ဗိုက်ရွှဲရွှဲအဖိုးလေး-ပုဆိုးနှင့်ချေအိပ်နဲ့၊ မောင်ယဥ်တို့ရုံး ချိန်ပြီးသွားပြီတဲ့၊မိမိမှအကြောင်းစုံတင်ပြရာ၊ မှောင်မဲသောရုံးသို့ဝင်ခွင့်ပြုလေရဲ့။ ဧည့်ခန်းသည် နပိုလီယံခေတ်ထမြောက်ပါပေသည်()ပေမီးချောင်းကလွဲလို့ပေါ့နော်။ ကျောပိုးအိပ်ဘေးချကာ ဇာတ်ကြောင်းစုံလျှင်စွာခင်းကျင်းပြလေရာဟဲဟဲတဲ့။မည်သည်မှာကီးကိုက်သွားသည်မသိချေ၊ ဆက်လက်နားဆွင့်ပြုလေသည်။ အဖိုးငယ်သည်သံရုံးအပေါ်ထပ်နေ ချင်းအမျိုးသားမြန်မာသံအ မတ်မှန်းသိရှိရ၏။ H.E. ဇာလှဲလျှန် (Za Hlei Lian) တဲ့ဗျာ။ ၎င်းသည်မိမိသူငယ်ချင်း Roger အင်္ဂ လိပ်မှန်းသိရှိလေသော်၊ သံအမတ်မှပျုံး၍ဘိုလိုဆက်မှုတ်လေသည်။ အချိန်အနည်းငယ်ကြာ သော်၊ သံအမှတ်မှမောင်ယဥ်တို့ကြုံတုံးထ္မင်းစားသွား-အန်တီအပေါ်မှာချက်ပြုတ်နေတယ် ဟန် မဆောင်နိုင်၍ကျွန်တော်ပါးစပ်မှဟုတ်ကဲ့thank you”ဖြေကြားလိုက်မိ၏။ တော်သေးဗိုက်ဆာနေ တာနဲ့၊ ဘုရားသကြားမလို့ တစ်နှပ်စာသက်သာသွားပြီလေ။

 

အပေါ်လှေကားသို့မတက်ရောက်မီ၊ မြန်မာ့ယဥ်ကျေးမှုရိုးရာထုံးစံအတိုင်းစီးထားသောစစ်ဘွတ်ဖိ နပ်များချွတ်ကြရာ၊ မိမိတို့ချေအိပ်မညှော်၍တော်သေးသည်။ မီးဖိုထဲဝင်သော်၊ အန်တီသည်ချောမှ ချော+ခန့်မှ ခန့်+ချစ်စရာကြီး၊ အန်တီအားကူချက်ပြုတ်သူက အပျိူပေါက်အမျိုးသ္မီး(မိမိတို့နှင့်အ ရွယ်တူ) ကျွန်တော်တို့သည်ခင်မင်တတ်သော်ငြား၊ ထိုမိန်းကလေးအားစကားမပြောဝံ့ပါ။ ထ္မင်းမ စားရဘဲ-ချေထောက်မစားလိုပါ။ အန်တီမှထ္မင်းပို၍ချက်ထားသည်ဆိုပဲ။ မိမိတို့အားနာပါးနာ ဝက် သားဟင်း-ပဲကြီးဟင်းချို-ခရမ်းချဥ်သီးသုတ်နှင့်ထ္မင်းနှစ်ပုဂံစီစားမိလေခြင်း၊ Roger သည်လည်းရိုး ရာ fish and chips ပုံမှန်အားပေးသူမှ ဗိုက်ဆာလွန်း၍မြန်မာတ္မင်းဟင်းစားတတ်သွားပြီး happy ပြ သွားလေသည်။ စကားလက်စုံပြောရင်း H.E. သည်ရင်ဖွင့်ဟသည်မှာ မွေးချင်းကံမလိုက်၍-တစ်ဝမ်း ခွဲချင်းပြည်မှအန်တီတူအသားဖြူဖြူမြေးမလေး (အပျိုပေါက်)နှင့်အတူနေထိုင်/ပြင်သစ်စာသင်

ကြားနေကြောင်းသိရှိရ၏။ ထိုနောက်မိမိသည် မာမီစီစဥ်ပေးတတိယအတွင်းဝန်(ဦးကြည်ဝင်း?) နှင့်ဖုန်းစကားပြောကြားပြီး၊ သံအမတ်ကနှင့်အန်တီအားကျေးဇူးတင်နှုပ်ခွန်းဆက်စကားပန်ကြား၍ မြေအောက်ရထား Metro စီး၍ Pont de Neuilly ရှိ၎င်းနေအိမ်သို့ မာရသွန်ဆွဲကာခရီးဆက်ကြလေ ပေါ့ဗျာ။ ချင်းမလေးကိုထ္မင်းစားရင်း-ဝက်သားဟင်းလှန်းကန်းပေး၍ မိုင်ကုန်တတ်ကျွမ်းသည့်ပြင် သစ်စကား merci beaucoup သာလျှင်ကြောက်ကြောက်နှင့်ပြောမိလေရဲ့။ မိမိစာအုပ်ထဲတွင်တောင် ပေါ်တိုင်းရင်းသူကိုလက်ခံနိုင်သောအခြေအနေရှိအံ့။ Meantime မြို-စို့-ဗိုက်ကားရာ လဲလျောင်းနိုင် ရန်ကိုသာနောက်ပိုင်း- ပိုင်း()အရေးကြီးတယ်လေ။ တတိယဦးကြည်ဝင်း? apartment သည်အ ထပ်မြင့်တွင်နေထိုင်ကြ၍ ဓါတ်လှေကားနှင့်တက်ရသော်၊ ဓါတ်လှေကားသည်တံကားမပါရှိချေ၊ ပြင် သစ်ဓလေ့ထုံးစံလားမသိချေ။ ၎င်းapartment သည်ခေတ်မီသော်၊ အိပ်ခန်းတတ်ခန်းသာပါရှိ၏။ Mrs. Win Kyi? သည်ဗိုက်တစ်လုံးနှင့်နို့စို့သားလေးချီထားကာ ကျွန်တော်နှင့် Roger ကိုနွေးနွေးထွေး ထွေးကြိုဆိုပြီး၊ ဦးဝင်းကြည်?မှအခန်းပိုမရှိခြင်းကိုဆက်၍တောင်းပန်ပြီး ဧည်ခန်းတွင် coffee table ဖယ်ရှား၍ကျောခင်းနိုင်ကြောင်းပြောကြားကာ မိမိတို့အားခရီးပန်းလာကြသည်ကိုနားလည်ထောက် ထား၍ အနားယူစေရန်၎င်းမိသားစုနှင့်ဧခန်းတံကားအားပိတ်သွားလေ၏။ ကျွန်တော် နှင့် Roger သည်မအိပ်မီ ရှူရှူးပေါက်ရန်ကိုဦးစားမပေးနိုင်ပဲ sleeping bags များကိုအမြန်ဖြေကာ ကျောခင်း လှဲလျှောင်းကြလေပေါ့။ မိမိတို့ hitch hiking ပထမရက် (Day One) သည်တစ်ပြတော့ပြီးချေပြီ ခင်ဗျား။ Night-Night!

ကျေးဇူးကမ္ဘာ။

 

ကျောပိုးအိပ်ထမ်းခရီးစဥ် Hitch Hiking (အတွဲ-၃၊ ပထမအပိုင်း)

ကလေးငိုသံနှိုးစက်ခေါင်းလောင်းတီးလေတော့မှမျက်စေ့နှစ်လုံးပြူတင်းပေါက်ပွင့်တော့သည်။ Roger? ကြည့်ရပုံထောက် သာဝတိံသာနတ်ပြည်(သို့)နိဗ္ဗာန်ဘုံတွင်ပျော်မြူးနေလားမသိချေ။ မိမိ £3/- water-proof Timex လက်ပတ်နာရီအရ မွန်းလွှဲကျော်နေပြီဖြစ်ရာ အားနာပါးနာစွာသူ့၏ ဝိညှင်ကိုဤကမ္ဘာသို့ ပြန်ခေါ်ယူရလိုက်သည်။ တစ်ကိုယ်ရေသန့်စင်ရေးကိစ္စများပြီးစီးသော်၊ ပြင်သစ်ကာဖီစစ်စစ်ရည်အားနို့ ဆီနှင့်ဖျော်သောက်သည့်အရသာကိုမိမိကလေးဘဝအားပြန်လည်အမှတ်ရမိပေ၏။ Brunch အဖြစ် ba-guette ကို ကာဖီရည်နှင့်မျှောချပြီး နီးရာဘဏ်တွင်ပြင်သစ်ငွေအနည်းလှဲလှယ်ပြီး Day two အားပဲရစ် မြို့ကိုကျော်ပိုးအိပ်မပါ စိတ်လွတ်ကိုယ်လွတ်ပေါ့ပေါ့ပါးပါးလေ့လာရေးကို မြေအောက်ရထား metro စီး-walking ဆွဲ၍စတင်ခဲ့ကြလေပေါ့။Passy metro ဘူတာမှ Eiffel Tower သည်မဝေးချေ။ ကြည့် သောသူမြင်၏ဆိုသည့်စာဆိုအတိုင်း Champ de Mars ရှိ Eiffel Tower သည်နေ့လယ်ကြည်ပြာမိုးတိမ် မဲ့အောက်တွင်ခန့်ညားပေ၏။ ပါရီမြို့တွင်အမြင့်မားဆုံးအမှတ်အသားတဲ့။ ၁၈၈၉ခုနှစ်တွင် ပဲရစ်ကမ္ဘာ့ ဈေးပွဲဂုဏ်ပြုအထိမ်းအမှတ်သံမဏိမျှော်ဆင်သည်ယနေ့တိုင်ကမ္ဘာ့အံ့ဖွယ်တစ်ခုဆိုသည်မှာမှန်ပေ၏။ ကျွန်တော်တို့နှစ်ယောက် Eiffel Tower ရှိပန်းခြံမြက်ခင်းပေါ်လှဲလျှောင်းအနားယူ၍ဤသံမဏိမျှော်ဆင် ကြီးအားအခြားလည်ပတ်ပရိသတ်များနှင့်အတူမက်စိပဒါတခံစားကြပေါ့ဗျာ။ Eiffel Tower ကိုနှစ်ထပ် အထိတက်ရောက်ဖူးသည်။ အပေါ်ဆုံးသို့ဓါတ်လှေကားရှိသော်၊ မတက်ရောက်နိုင်ခဲ့ပါ-ဈေးကြီးလို့ပါ။ Money လေ။ Bercy Seine coach station မှအခမဲ့ယူရသော Paris tourist map အပေါ်စံထား၍ သွားရောက်ရှုစားမည်များအားစီစဥ်ကြပြီး Eiffel Tower အောက်ရှိပန်းခြံမှတဆင့်နာမည်ကျော် Seine မြစ်ပြန်လည်ကူး၍ ပဲရစ်မြို့ကျက်သရေလမ်းမကြီး Avenue des Champ Elysee တွင်လျှေက်ကြရင်း ခေတ်မီဝတ်ဆင်ထားချေသ လုံးရှည်ရှည်အမျိုးသ္မီးလှလှများကိုမျက်စိအစာကြွေးရင်း ပဲရစ်မြို့လယ် Arh de Trimpth သို့လျှောက်ခဲ့ကြပေါ့။ ဝင်ကြေးအနည်းပေး၍အပေါ်ဆုံးမှ ၃၆၀ဒီကရီမြို့ကိရှုစားကြ သည်။ လန်ဒန်နှင့်နှိုင်းယှဥ်က Marble Arh ဆိုရလေမည်။ Rue Poncelet Market ရှိ street foods များ ၏သင်းနံ့သာခံစားရင်း Parc Monceau မြက်ခင်းပေါ်ခေတ္တအနားယူကာနာမည်ကြီး fashion icon ဆိုင် များကို window shopping လုပ်ရင်း ဖြတ်သွား-ဖြတ်လာမတီချောအလှမယ်များကိုမျက်စိပဒါသခံပေါ့ ဗျာ။နွေရာသီမို့သူတို့ခမျာအဝတ်အစားလျှော့ဝတ်စားနိုင်ကြလေသည်။ ကျွန်တော့်အတွက် ၁၈/၁၉ စင် တီဂရိတ်သည်ပူအိုက်တယ်မထင်မြင်ပါ။

 

ညနေ၇/၈နာရီသည်နွေကာလမို့အလင်းရောင်ရှိနေလေည်။ နေရောင်သည်တဖြည်းဖြည်းနည်းလာပြီဖြစ်

ရာ မိမိတို့နှစ်ဦးတည်းခိုအိမ်သို့ခြေလှန်းရလေပေါ့။ ဦးဝင်းကြည်နှင့်ဇနီးသည်ထ္မင်းဝိုင်းနှင့်ကြိုဆိုသည်။

Roger လည်းမြန်မာစာကိုစားတတ်သွားသော်-ထ္မင်းနည်းနည်း-ဟင်းမျာများ၊ မိမိကတော့ရိုးရာထိမ်း သိမ်း ခြင်းအားဖြင့်ထ္မင်းနှစ်ပုဂံမည်သို့ဗိုက်ထဲဝင်သွားသည်မသိချေ။ မီးဖိုချောင်ထ္မင်းဝိုင်းတွင်လေး ယောက်သား-ကျွန်တော်တို့အတွေ့အကြုံပြောရင်းရယ်ကြရလေရဲ့။ ဦးဝင်းကြည်မှမေးရာ မိမိတို့ခရီး စဥ်ကိုရှင်းပြလေတော့-ဒုက္ခကြီး/များလေတဲ့။ ဦးဝင်းကြည်ဇနီးမှပုဂံဆေးကြောရင်း သံအမတ်ကဒေါ်/ အမကြီးမှနေ့လယ်ကဖုန်းဆက်လာတယ်၊ တူမလေး Silvia နွေရာသီကျောင်းပိတ်ထား၍သူဧည့်သည် တွေကိုလိုက်ပြရန် Concorde metro ဘူတာအဝ မနက်ဖန် ၁၀.၀၀နာရီဆုံကြမယ်” တဲ့။ကျွန်တော်တို့ အတွက်အရမ်းစိတ်မချမ်း မြေ့သည့်သတင်းဖြစ်၍ သွား၃၂ခြောင်းဖေါ်ကာပျုံးမိလေရဲ့။ Personal Tour Guide ရရှိသည်မှာဖလားပါပဲလား။

 

မိမိတို့ hitch hiking ခရီးစဥ်အရ လန်ဒန်သို့အပြန်တွင်လည်း ပဲရစ်မြို့သို့မလွှဲမသေဝင်ရောက်ရမည်ဖြစ် ရာ နောက်နေ့သည်ဤမြို့တွင်နောက်ဆုံးရက်အဖြစ်သတ်မှတ်လိုက်လေသည်။ အကြောင်းမှာ ဦးဝင်း ကြည်၏စေတနာသည်ဝေသနာမထမြောက်မီgo သင့်ပြီလေ၊ နောက်တစ်ချက်မှာလည်ပတ်ရမည်များ စွာကျန်သေးတယ်လေ။ နောက်နေ့လည်ကြည့်ရှုသင့်သည်များကိုမြို့ခံဆရာမလေးညွှန်ကြားချက်အမိန့် တော်အတိုင်းပေါ့ဗျာ။ ချေထောက်များသည်ခဲတုံးများဆွဲထားသည်နှင့်တူ၊ လူကလည်း ညှင်းစို့စို့ရှိရာ၊ မိ မိတို့နှစ်ယောက်ပြန်လည်လန်းစေရန် long hot shower ယူရင်း အောက်ခံဘောင်းမီနှင့်ချေအိပ်များ လျှော်ဖွတ်၍ တစ်နေ့တာလုပ်ရပ်များကိုအနားပေးကာ၊ sleeping bags များဖြေပြီး called it a day ပြု လုပ်ကြလေရဲ့။ Feathered Sleeping bag ထဲဝင်လိုက်သည်နှင့်မည်သည်မျှဦး ခေါင်းထဲမဝင်ရောက်လာ ပဲ၊ မျက်စေ့များမှိတ်လိုက်သည်နှင့်အိမ်မက်ကင်းမဲ့သောစက်တော်နိဗ္ဗာန်သို့ကူးသွားလေပေါ့ဗျာ။ ဘာလို လိုနှင့်ပြင်သစ်ရောက်လာတာနှစ်ရက်တောင်ကုန်သွားပါပြီလား။

(ဆက်ရန်)

 

ကျောပိုးအိပ်ထမ်းခရီးစဥ် Hitch Hiking (အတွဲ-၃၊ ဒုတိယအပိုင်း)
တိုက်ရှေ့ပြူတင်းပေါက်မှခိုငှက်များစုဝေးငြီးသံမကြားသော်၊ ည ၁၀.၀၀ ခန့်အိပ်ယာဝင်လေရာ နောက်နေ့ ၀၇.၀၀နာရီလောက်နိုးကြားသည်မှာမထူးဆန်းချေ။ သူငယ်ချင်းနစ်ယောက်သားမီးဖို ခန်းတံခါးဖွင့်လေတော့ ဦးဝင်းကြည်မှာနောက်ဖေးစားပွဲတွင်ထိုင်၍ ခန့်ခန့်ကြီးပြင်သစ်သတင်းစာ ဖတ်၊ ကိုယ်ဝန်သည်ဇနီးမှနိုစို့က  လေးအားစလွယ်သိုင်းကာအားကြိုးမာန်တက်ဟင်းချက်နေသော မြင်ကွင်းကိုတွေ့မြင်ရသော်၊ကြည့်ရပုံထောက် သည်ပုဂ္ဂိုယ် lunch ကို breakfast တွင်အပြီးစားပုံရ ၏။ Breakfast/Lunch စားရန်ဇနီးမောင်နှံဖိတ်ကြားသော်၊ မိမိတို့ three shadows နားလည်ရာ ထုံးစံအတိုင်းကာဖီရည်နှင့် baguette စားသောက်ရသည်ကိုပဲကျေးဇူးကြီးလှနေပေပါပြီ။

 

၎င်းနံနက်ခင်းသည်ကြည်နူးသာယာနွေးထွေးပေ၏။ ဦးဝင်းကြည်ပြောချက်အရသတင်းစာတွင်နေ သာမည့်ရက်တဲ့။ မိမိတို့နှစ်ယောက် ဦးဝင်းကြည်နှင့်အတူနေအိမ်မှထွက်၊ သူမှသံရုံးသို့၊ ကျွန်တော် တို့က ချိန်းထား Concorde metro ဘာထာဆီသို့ပေါ့ဗျာ။ ရောက်ရှိအချိန်စောနေသေး၍ Place de la Concorde ကျောက်တိုင်တစ်ဝိုက်လမ်းလျှောက်ကြလေရဲ့။ Paris tourist map အရ ၎င်းသမိုင်းသည် တယ်မလှချေ။ ဤနေရာသည်ကားလူထုကွပ်မျက်မှု (executions) ခေါင်းဖြတ်ဆင်ထားသည့်နေရာ တဲ့ဗျာ။ ထင်ရှားကွပ်မျက်မှုခံရသောပုဂ္ဂိုယ်များအနက် Louis XVI, Marie Antoinette နှင့် Maximilien Robespierre ပါရှိပြီး၊ ၁၇၈၉နှစ်ပြင်သစ်တော်လှန်ရေး (French Revolution) တွင် public executions ပြုလုပ်နေရာ Revolution Square ဟုခေါ်ဆိုလေသည်တဲ့။ ချိန်းထားချိန်နီးကပ် လာသော်၊ ကျွန်တော်တို့ Concorde metro ဘာထာအဝသို့ပြန်လည့်၍ ချင်းလုံမလေး our private tour guide ကိုစောင့်မျှော်ကြပေါ့ဗျာ။

နှစ်ဆယ်မီနစ်ခန့်ကြာသော်၊ ချိတ်ထမီဝတ်ဆင်ထား၊ အသားဖြူဖြူ၊ ကေကောင်းကောင်းနှင့်ငါးရှင့် ကိုယ်လုံးမိန်းမငယ်တစ်ယောက်နံနက်နေရောင်ကြည်ထဲသို့ရောက်ရှိလာသော်၊ မိမိတို့သံအမတ်အိမ် တွင်ကြုံ
ကြိုက်ခဲ့သောချင်းမပျိုချောလေးဖြစ်လေပေါ့။ သူမမှအနည်းငယ်နောက်ကျသွားခြင်းကို အင်္ဂလိပ်လိုတောင်းပန်လေရာ Roger မှ ”that’s all right” တဲ့။ ချင်းမလေးက မြန်မာတင်မက၊ ချင်း၊ ပြင်သစ်နှင့်အင်္ဂလိပ်ဘာသာများလည်းရသည်ကိုး၊ ရုပ်ချောလှသည်သာမက ဘာသာစုံတတ်မြောက် ၍လေးစားမိလေသည်။ Me? မြန်မာလို ငါးတန်းနှစ်ဝက်ခန့်သာနေဖူး၍ လအယ်၊ အင်္ဂလိပ်လိုဆိုရ က “work in progress” အဆင့်သာလေ။ အဆင့်အတန်းကမတူညီ၊ far, far away ဆိုရကမှားမည်မ ထင်မြင်။ သူမမှချင်းသံဝဲဝဲနှင့်အင်္ဂလိပ်လိုပြောဆိုသည်မှာပြားရည်ဆန်းထားသကဲ့နားဝင်ချိုပေ၏။ ဦးစွာသင်ခန်းစာသည်-ပါရီနမြို့ရှိအရေးပါနေရာများကိုကြည့်ရှုမည်ဆိုကအ နည်းဆုံးရက်သတ္တ ပါတ်ပေးရလိမ့်မည်တဲ့။ ပြောပြောဆိုဆို Louvre ပြတိုက်ဆီသို့ခြေခပ်သွက်သွက်ဦး ဆောင်ရင်း အနည်းဆုံးတစ်ရက်တော့ပေးရမည်ဆိုလေပြန်သည်။ Roger မှသွားလေ့လာရမည်မှာများပြား ၍ တစ်ရက်တောင်မပေးနိုင်၊ အရေးပါတာများ သာရှုစားလိုကြောင်းပန်ကြားရာ၊ မိမိတို့ personal tour guide မှကမ္ဘာတွင်အကြီးဆုံးအနုပညာပြတိုက်ဖြစ်ရာ ရရှိသောအခွင့်အရေးကိုလက်မလွှတ်သင့် ကြောင်းပြောကြားရင်း မိမိတို့လျှေက်ခဲ့သောပန်းခင်းလမ်း Tuileries Garden (Jardin des Tuileries) ကိုဆရာမကြီးမှအရှေ့မှလမ်းပြဦးဆောင်လေပေါ့ဗျာ။

ကျွန်တော်၏လန်ဒန်ဘော်ဘော်အသိုင်းအဝိုင်းတွင်ဤချင်းမလေးသကဲ့အဆင့်ရှိနုနယ်ငယ်ရွယ်သော မြန်မာအမျိုးသ္မီးမျိုးမတွေ့ဖူးသေးချေ။ သာရာသည့်ရက်ဖြစ်လေ၍ နှစ်ဆယ်မီနစ်မည်ကဲ့သို့ကုန်ဆုံး သွားသည်ကိုမသိချေ၊ ဟုတ်ပါ့ Louvre Museum သည်ကြီးမှကြီး၊ သုံး/လေးထပ်နှင့်သုံးပိုင်းခွဲထား သည်တဲ့။ သို့သော်ဝင်ကြေးပေးရသည် free မရချေ။ ပဲရစ်မြို့ရောက်လေတုန်း Mona Lisa ပန်းချီ ကြည့်ရမယ်လေ၊ သို့သည်းမဟုတ်ခေတ်မီမည်မဟုတ်။ Mona Lisa ပန်းချီမည်သည့်နေရာတွင်ဆွဲ ချိတ်ထားခြင်းကိုမေးရန်မလိုပါ၊ ကျွန်တော်တို့သုံးယောက် လူသိုက်ကြီးရွေ့လျားသည်နောက်သာ လိုက်သွားလေရဲ့၊ လမ်းဆုံးတော့ရွာတွေ့လေည်။ Mona Lisa ပန်းချီသည်ထင်သလောက်မကြီးချေ ၃၀ ၂၁ လက်မသာရှိသော်၊ ခပ်လှန်းလှန်းမှသာရှုစားခွင့်ပြုသည် look, don’t touch တဲ့။ 
ကျွန် တော့သဘောကတော့ မဟာဆန်သူ၏မချိပြုံးဆိုရအံ့ မိမိမခံစားတတ်ပါ၊ Roger က မိုက်” သည် တဲ့၊ သူငယ်ချင်းကပန်းချီ/ပန်းပုဆိုင်ရာတွင်မိမိအတွက်ဆရာကြီးပဲ။ ပန်းချီဆရာကြီး Leonardo da Vinci ရေးဆွဲချယ်သခဲ့လေသော် မည်ကဲ့သို့တန်ဖိုးထားသင့်သည်ကျွန်တော်ညာဏ်မမီ။ မိမိကတွင်း တည့်သည်မှာဘုရင် Napoleon III ၏အခန်းများဖြစ်လေ၏၊ ခန်းညားကြီးကျယ်လှပေ၏။ Venus ခဲတံဘူးပေါ် မှငါးရှင့်ကိုယ်လုံး ဂရိ Venus de Milo သည်ချောလှသော်ငြား လက်များမပါ၍၎င်းစ ကျင်ကျောက်ထုကို ဟိုးလေးတကျော်အဘယ်ကြောင့်ဖြစ်သည်ကိုမိမိစဥ်းစားရခက်၊ Liberty Leading the People နှင့် Coronation of Napoleon ပန်းချီကားများကိုတော့ကျောင်းသမိုင်းဘာသာ တွင်သင်ကြားရ၍အဓိပ္ပယ်နားလည်သည်။ ညံ့သည်ပဲဆိုဆို Winged Victory of Samothrace အ တောင်ပန်ပါလေငြားဦးခေါင်းနှင့်လက်များမပါသောမမကျောက်ရုပ်ကိုမိမိတန်ဖိုး မသင့်/ထားတတ် လေရဲ့။

ရက်တိုတိုအတွင်းရသလောက်ရောက်/ကြည့်ဖူးလို၍ Louvre Museum တွင်နှစ်နာရီခန့်သာအချိန်ပေးကာ၊ နံမည်ကြီး Saine မြစ်ဘေးတွင် walking ဆွဲ၍ Notre-Dame Cathedral သို့ဆက်ချီတက်ကြလေရဲ့။ ဤ Cathedral သည်ကမ္ဘာပေါ်တွင်အထင်ရှားဆုံးနှင့်သမိုင်းအဝင်ဆုံး Gothic Cathedral တစ်ခုဖြစ်ပြီး Napoleon Bonaparte နန်းတက်ပွဲကျင်းပနေရာဖြစ်လေသော်၊ မိမိအတွက်ကိုမူ Hunchback of Notre-Dame ရုပ်ရှင်ကြောင့်သာဖြစ်၏။ နေသာနွေးထွေး၍ မိမိတို့ walking ဆက်လက်ဆွဲကာ Montmartre ရပ်ကွက်တွင်ခေတ်ပန်းချီရေးဆွဲသူများအနုပညာနှင့်ပုံဖေါ်ချယ်သသည်များကိုအားပေးကြည့်ရှုကြလေပေါ့ဗျာ။ Free ရ၍ကျွန်တော်တို့တောင်ကုန်းထိပ်ရှိ အဖြူရောင် Sacré-Cœur Basilica ပေါ်မှပါရီမြို့၏ရှုခင်း များကိုခံစားပြီး Napoleon Bonaparte ဂူနှင့်စစ်တပ်ပြတိုက်ရှိ Les Invalides သွားရင်းမိမိတို့ဆရာမလေးကိုနေ့လည်စာနှင့်ဧည့်ခံရန် café ဝင်သော်၊ personal tour guide ချင်းမလေးမှ baguette hot dog with melted gruyère cheese နှင့်ကာဖီရည်သာအားပေးလေသည်၊ ပွင့်လင်းစွာဆိုရက-ဈေးအပေါဆုံးသာစားသွားသည်- merci beaucoup ဆိုပဲ။ ကျွန်တော်တို့ကလည်းငွေကြေးအကုန်ကျနည်းသည်ဖြစ်၍ thank you ပါပဲဗျာ။ စစ်သူကြီး/ဘုရင် Napoleon Bonaparte ကိုလေးစားပါတယ်၊ အင်္ဂလိပ်ကျောင်းပထဝီသင်ရိုးညွှန်းတမ်းတွင်ပြထမ်းထားဆိုသည်မှာတော်-အရေးပါခဲ့-လေးစားလို့ပေါ့နော်။

Les Invalides မှအထွက်တွင် မကြုံစဖူးဆက်လက်သာရာနွေးထွေးရာ Seine မြစ်အားဘယ်ဖက်ထား၍ Latin Quarter ဆီသို့ဆက်၍လျှောက်ခဲ့ကြပေါ့၊ ထိုရပ်ကွက်တွင်ချောလှမတီတွေများ၍မိမိမျက်စိများအနားမရ ရှုမဝချေ။ ထိုနောက် Paris tourist map အရ middle ages ကတည်းကတည်ရှိသည့် Sorbonne University ကိုရှုစားကြ၏ (University of Oxford သည် ၁၀၉၆နှစ်တည်းမှဆိုလေရာ ပိုမိုစောဦးလေရဲ့- အင်္ဂလန်တွင်ကျောင်းနေသူမို့ လုံးဝညံ့သည်ထဲမပါရှိသေးပါ)၊ ထိုနောက် Moulin Rouge အားလမ်းဘေး ပလက်ဖောင်းမှ၎င်း၏ကျော်ကြားမှုကိုငေးမှန်းကြည့်ရလေသော်၊ ထို ဇာတ်ရုံအကြောင်းသိ/တတ်/နားလည်၍မဟုတ်ချေ၊ တီဗီပေါ်တွင် ပြင်သစ်သားပန်းချီဆရာ Henri de Toulouse-Lautrec – Can Can အက ရုပ်ရှင်ကြည့်ဖူးတယ်လေ။ ညနေနေဝင်စပြု ၇.၀၀နာရီခန့် သည်အနည်းငယ်အေးစပြုပြီဖြစ်ရာ Place de Clichy metro station သို့အးနာစွာချီတက်ကြပြီး personal tour guide ချင်းမလေးကိုကျေးဇူးတင်နှုတ်ခွန်းစကားများနှင့်ဖလည်ကြပေါ့။ Silvia အား hand shake မပြုလုပ်ရဲပါ၊ ကြိုက်/မကြိုက်မသိ၊ တော်နေ ဦးဦး-ဒေါ်ဒေါ်တိုင်ကြားက၊ မိမိသာ လျှင် goodnight မည်သွားမဟုတ်၊ မာမီပါ go နေရဦးမည်။ သို့သော် talking with the eyes ကမ်းလှန်းခဲ့ ၏။ နောက်နေ့ စောစောထ၍ Marseilles သို့ Le Mistral, Trans Europ Express (TEE) Rapide လျှပ်စစ်ရ ထားစီးနှင်းကာ ခရီးဆက်ရဦးမယ်လေ။ Italyနှင့် Switzerland သို့ချီတက်ရန်ရှိသေး၊ ဤသည်ကား က” အ ကင်းသာလျှင်မဟုတ်ပါလားဗျာ။ Tata, Chereio, Bye Bye, See You နော်!!!

သီချင်းဖိုင်တွဲလေးမေတ္တာလက်ဆောင်ဆက်သလိုက်ရင်း ……
https://youtu.be/mzxCOuGQ12c?si=7jhBQ6u73Sawd2Ld

ကျေးဇူးကမ္ဘာ။