Friday, 17 May 2024

CAPE OF GOOD HOPE

 CAPE OF GOOD HOPE

ဟိုရှေးတစ်ခေတ်ကပေါ့ဗျာ၊ ကျွန်တော်၏တပ်တော်ဝင်သင်္ဘောသားဘဝကို ၁၉၆၈ခုတွင်စတင်ခဲ့ ပေသည်၊ အသက်က(၂၀)မပြည့်သေးပါ။ ထိုစဥ် 5* သင်္ဘောတွေပေါ် အသက်အငယ်ဆုံး။ Foreign going (FG) တစ်ပါတ်ရစ်“ထန်းတောရွာ”သင်္ဘောသစ် delivery ကို Rotterdam ဆိပ်ကမ်း၌ လက်ခံယူဆောင်၍ Nestle နို့ဆီကာတွန်းအပြည့် ၂၀၀၀တန်ခန့်တင် ဆောင်ကာ home-ရန်ကုန်မြိုသို့ခရီးဆက်လေပေါ့။ အတ္တလန်တိတ်သမုဒ္ဒရာထဲ အာဖရိကတိုက်ထိပ်ရှိ Las Palmas ဆိပ်ကမ်း Canary Islands တွင်ဆီ bunker ဖြည့်တင်း၍ ရွှေရန်ကုန်သို့ တတ်ရိုက်ခုတ်မောင်းခဲ့လေသည်။ သင်္ဘောက သေးငယ်-ရေလှိုင်းကကြီး-လူးသလားမမေးနဲ့-ပင်လယ်ငါးအတိုင်းပါပဲ။ ကျွန်တော် ၏တပ်တော်ဝင်သင်္ဘောဖြစ်ရာ အ တောင်မစုံသူငယ် ဖား/ငါးမှန်းမသိဆိုလေတော့ မိမိအာစရိထံမှ ဆက်သွယ်ရေးနှင့်စာရင်းအင်း/စတိုပညာရပ်များစည်းဖူးရလေပေါ့၊ တစ်နေ့နှင့်တစ်နေ့(၈)နာရီ watch ယူ-(၆)နာရီ day work-စား-သောက်-အိပ်-အလုပ် လုပ်-တပြည့်ခံ ပညာသင်ကာလဆိုလေ ရာ ပတ်ဝန်းကျင်နှင့် Cape of Good Hope ကိုအလေးမထားနိုင်ပါ၊။ မိမိအချိုသောလုပ်ငန်းနှင့်ပတ် သက်ရာ-အသက်မတိန်းမရိမ်း လှအောင်-တတိယအရာရှိ(တာဝန်နှင့်ဘော်ဘော်မိတ်ဖြစ်ခဲ့သော်၊ သူလည်းရန်ကုန်တွင် 2nd Mate စာမေးပွဲဖြေဆိုရန် သင်္ဘောပေါ်တွင်ကြိုးစာ-စာဖတ်-စာကြက်ဆိုလေတော့ ......
၁၉၆၃ခုနှစ်ဆောက် 5* “အင်းဝ”ကုန်တင်သင်္ဘောသစ်နီးပါးကြီးဖြင့် ပျော်ရွှင်စွာခရီးဆက်ခဲ့ကြပေါ့။ သင်္ဘောကုန်ပေါက်ထဲမယ် လန်ဒန်မြို့ချပေးရန်ကျွန်းသစ်လုံးကုန်ပါရှိရာ အေးဆေးလေ။ ကျွန်တော့အတွက်ကိုမူ မိမိ ဒုတိယအိမ်ဖက်သို့သင်္ဘောခုတ်မောင်းနေရာ၊ စိတ်ချမ်းသာမိလေသည်။ Suez တူးမြောင်းပိတ်ထားရာ ရွှေရန်ကုန်မှဘင်္ဂလားပင်လယ်အော်နှင့်အိန္ဒိယသမုဒ္ဒရာတွင်ခုတ်မောင်းလာသည်မှာ(၁၄)ရက်ခန့်ရှိလာပြီး “မြန်မာ့အသံ”တောင် ညနေဖက်ကြားတစ်ချက်-မကြားတစ်ချက်၊ ဗန်းမော်သူလေးကိုလွမ်းဆွေ့ရ။ ဝါရင့်သင်္ဘောသားများမှဥရောပခရီးစဥ်အားမကြိုက်ကြ-စီးပွားမဖြစ်၊ အရှေ့နိုင်ငံများသို့ခရီးစဥ်သည်”ဖလား”တဲ့။ ကျွန်တော် East ဆိုလို့ အဝေးဆုံး စင်္ကာပူသာရောက်ဖူးတာ။ သင်္ဘော
သားကြီးများဝယ်ယူရင်းနှီးလာသော မြင်း-ဆင်-ကျားသစ်ပန်းပု-ရေချိုငါးများ လန်ဒန်မှာရောင်းထွက်ပါစေ၊ ရန်ကုန်အပြန်မှာရောင်းချရန် Bri-nylon shirts နှင့် Tricel sweaters ဝယ်ရဦးမယ်ဗျ။ စားဝတ်နေရေး-စီး ပွားရေးလေ။
မိမိသည်အိန္ဒိယသမုဒ္ဒရာတွင် လင်းပိုင်များပျော်မြူးနေကြသည်ကိုရှုတွေ့မြင်ရသော်၊ သည်အိန္ဒိယသမုဒ္ဒရာနှင့်အတ္တလန်တိတ်သမုဒ္ဒရာဆုံသည့်ပင်လယ်ပြင်တွင်မည်သည့်ငါးများမျှမတွေ့မြင်ရသော်၊ ငါးမန်းများ သမုဒ္ဒရာရေပြင်အောက်တွင်အမဲလိုက်နေကြသည်ကိုသိရှိ၍ လွန်စွာသတိနှင့်ကုန်းပါတ်ပေါ်တွင်သွားလာလေသည်။ တပြည့်တော်တို့သင်္ဘောရေမိုင် ၆၀၀၀ကျော်ဖြတ်သန်းလာရာမှာ၊ သမုဒ္ဒရာဆုံသည့်ရေပြင်ကိုဒုတိယအကြိမ်ဖြတ်သန်းရသော်၊ မည်သည့်အခါမျှသာရာငြိမ်သက်သည်မရှိချေ။ လေကပြင်း၊ လှိုင်းကကြီး၊ ရေစီးကြောင်းကစုံ+သန်+ထန်၊ သင်္ဘောကြီးကလူး၊ ရာသီဥတုကမသာယာ၊ တာဝန်မကျ/မရှိသောသင်္ဘောသားများကစက်တော်ခေါ်ကြ။ Cape of Good Hope နာမည်လေးကယာဥ်သော်၊ မင်္ဂလာမခညောင်းချေ။ သည်ဒေသတဝိုက် ငှက်မျိုးပေါင်း(၂၅၀)ရှိသော် မိမိဇင်ယော်နှင့်တင်ကျီးငှက်(၂)မျိုးသာတွေ့မြင်ဖူးသည်။ ရေစီးကြောင်းနှင့်စပ်လျှင်း၍ အရှေဖက်မှစီးဆင်းသော Agulhas current သည် တောင်မြောက်မှစီးဆင်း Benguela current နှင့်နှိုင်းယှဥ်က အပူချိန်ပိုမိုနွေးရာ ဝိရောဓိဖြစ်၍ လိုင်းကြီးလေသည်ဆိုကြသည်။ Cape of Good Hope ရာသီဥတုနှင့်အပူချိန်မှာဥရောပနှင့်သာလွန်သော် မိုးရွာသွန်းခြင်းများပါ့။
အကောင်းနှင့်အဆိုးသည်တွန်တွဲလျှက်ရှိရာ၊ Cape of Good Hope ကို သင်္ဘောကြီးခုတ်မောင်း ဖြတ်သန်းချိန်အခါဝယ် ကောင်းကြီးမင်္ဂလာတစ်ရပ်မှာ Johannesburg မှလွှင့်သော Springbok Radio ပါပဲ၊ English နှင့် Afrikaans- bilingual ပြောဆို၍၊ တစ်စိတ်တစ်ဒေသနားလည်ပေသည်၊ မိမိညဖက် radio watch အပြီး၊ လှအောင်၏ first watch တွင် starboard bridge wing ၌ မှောင် မဲညချမ်းပိတ်ကားကိုနောက်ခံထား၍ ပီတာသန်းအောင်၏ Grundig portable FM transistor radio မှကြည်လျှင် pop chart အစီအစဥ်တွင် James Last Band ၏ Elizabethan Serenade ကိုနားသောတဆင်ရသည်မှာ အေးမျှသာယာဆေးတစ်ခွက်ပါလားဗျာ။ ထိုပြင် နံနက်စောစော Cape Town Table Mountain ထိပ်ပျားပျားမြင်ကွင်းသည် ရှားမှရှား၊ အနီးကပ်တော့မပြောတတ်လေစွ။ Cape of Good Hope ပတ်သွားပြီး အတ္တလန်တိတ်သမုဒ္ဒရာထဲဆိုလေတော့၊ (၁၀) ရက်ကျော်-(၂) ပါတ်မတိုင်မီ လန်ဒန်ကိုရောက်ရှိပြီလေ။ Radio Station အတွင်း watch ယူရင်း၊ ငယ်သူငယ်ချင်း တွေရှိသေးလားစဥ်းစားမိသည်၊ Roger Harrison, William Sands နှင့် Terrence Sebastian ဖုန်း နံပါတ်များ diary တွင်ရေးသားထားခြင်းရှိ/မရှိမသေချာ၊ ရှိက လန်ဒန်သို့ဆိုက် ကပ်လျှင် ဖုန်းဆက် ကြည့်ရဦးမည်။
The Cape of Good Hope is at the southern tip of the Cape Peninsula, approximately 50 km south of Cape Town, South Africa. Cape Agulhas is the southernmost part of South Africa and is the legendary home of the Flying Dutchman, crewed by tormented and damned ghostly sailors, it is doomed forever to beat its way through the adjacent waters without ever succeed-ing in rounding the headland. Furthermore, anyone who sees the ship is doomed to sail the seven seas for eternity. Believe it or otherwise.
ကျေးဇူးကမ္ဘာ

မဟုတ်သေးဘူးထင်ပေရဲ့

 မဟုတ်သေးဘူးထင်ပေရဲ့ (၀၂.၀၅.၂၄)

ကျွန်တော်ငယ်စဥ်က မာမီ+ဒယ်ဒီ ဘိုးဘိုး+ဖွားဖွားပြောလေ့ရှိသည်မှာ “ရွှေတစ်ကျပ်သား …… ၊ မုန့်ဟင်းခါးတစ်ခွက် …..” သက်ကြီးစကား သက်ငယ်ကြားလေ။ နှိုင်းယှဥ်ပြောတာတွေမှာအများကြီးရယ်။ ဘိုးတော်ဘုရားလက်ထက်အကြောင်းများ ကလောင်ပညာရှင်များမှရေးသားခဲ့၍ ဖတ်သားရဗျာ။ ဂျပန်+အင်္ဂလိပ်ခေတ်များ၊ တော်လှန်ရေးကာလ၊ ပြည်တော်သာခေတ်ဟောင်း၊ မဆလ စနစ်သစ်၊ ပါတီဒီမိုကရေစီ နှစ်တို၊ ဖတ်-ပြော-ကြား-ကိုယ်တိုင်ကြုံတွေ့ရသည်မှာ-စုံများလေစွ။ မည်သို့ပင်ဆိုစေ၊ တိုင်းပြည်သားအများစု စားဝတ်နေရေးဖူလုံလောက်ငှမှုသည် important ဖြစ်ပေသည်။ မိမိအရွယ်ရောက်အလုပ် လုပ်လေတော့“အူမတောင့်မှ သီ လစောင့်နိုင်”ဆိုသည့်မဆလဆောင်ပုတ်အမှတ်ရသေးသဗျ၊ သွေးထွက်အောင်မှန်လေစွ။
မိမိနိုင်ငံအား ဂျပန်တွေအုပ်ချုပ်စဥ်(ဂျပန်ခေတ်) ညဖက်တွင်အိမ်မတံခါးဖွင့်အိပ်ရသတဲ့-သူခိုး+ဓါးပြကင်းမဲ့သည်ပြော၊ ယုံရမှာလား? ယုံကြည်လိုသည်-ပုံပြင်မထင်မြင်လိုပါ။ ဒုတိယကမ္ဘာစစ်ကြီးပြီးလေတော့ အင်္ဂလိပ်ခေတ်မှာ လူအများစုမှာ အင်္ဂလိပ်စာတတ်ကြွမ်းကြဆိုပဲ၊ ဒါကတော့ဖြစ်နိုင်ချေရှိ-သူတို့အင်္ဂလိပ်တွေ အုပ်ချုပ်နေတာလေ။ တော်လှန်ရေးပြီးဆုံး ပြည်တော်သာခေတ်ရောက်လေတော့“ဗိုက်ပြဿနာ”ဖြေရှင်း၊ လျှပ်စစ်မီးအပြည့်ရ၊ ဒို့ပိုက်စံပြည်တွင်းသာမက ပြည်ပမှာလည်းတန်ဖိုးရှိ၊ ပညာ တတ်မြောက်သူများပေါ့များ၊ စင်္ကာပူနှင့်နှိုင်းယှဥ်က သူတို့တတွေကမြောင်းထဲ၊ ထိုစဥ် အရှေ့တောင်အာရှတခွင် မြန်မာပြည်နှင့်ဖိလစ်ပိုင်နိုင်ငံများ၏ပင်လယ်ရေကြောင်းစီးပွားရေးသည် အကြီးမားဆုံးဆိုပဲ။ သို့သော် ”ရွှေ”ပြည်ကြီးတွင် အခြင်းခြင်းမသင့်မြတ်လေတော့၊ သိကြသည့်အတိုင်း ဘယ်သို့ဖြစ်သွားသည်ဆိုတာ။ ကျွန်တော်မျိုးသည် ပင်လယ်ရေကြောင်းနယ်ပယ်တွင်သာ အလုပ်ကြွေးပြုခဲ့၍ ကျန်လောကအကြောင်းမသိချေ၊ ကြားဖူးနားဝရှိသည်မှာ သင်္ဘောပေါ်တွင် mixed nationality crew ဆိုက အခြင်းခြင်းလွန်စွာစည်းလုံးသင့်မြတ်ကြသည်တဲ့ဗျ၊ သင်္ဘောတစ်စီးလုံး မြန်မာပြည်သားဖြစ်က bite ကြသည်မှာဓမတာဆိုပဲ။ မဟုတ်သေးဘူးထင်ပေရဲ့ something not so correct နော်။
ပင်လယ်ရေကြောင်းနယ်ပယ်တွင် ကျွန်တော်”အိုပယ်ကြီး”သည် မြန်မာစကားပုံနှင့်နှိုင်းယှဥ်ဆိုရက”ရှင်ကြီးဝမ်းလည်းဝင်၊ ရှင်ငယ်ဝမ်းလည်းဝင်ခဲ့ပြီး”ဆိုလေရာ၊ မိမိအတွေ့အကြုံတင်ပြရပါက စုံလေပေသည်။ အမင်္ဂလာနှင့် စတင်ဖွင့်လစ်ရပါလျှင်၊ များသောအားဖြင့်၊ ပြော-ဆိုနိုင် ‌ရာထူးအဆင့်များသည် ပြောတော့မိုးလား ကဲလား၊ အပြော-အဟောသည် သေနတ်ဖြစ်က၊ ကျွန်တော်တို့အားလုံး goodnight လေရဲ့၊ သရက်သီးသ နပ်ဖြစ်ခဲ့၍တော်သေး၊ ထို့ပြင် ဆရာချစ်ဦးညိုမိန့်သလို ”နားနှင့်စာဖတ်-ပါးစပ်နဲ့စာရေးသူတွေကများပေါ့၊ လက်က ကားရား-ဘုရားနှုတ်ကမချ ပုဂ္ဂိုယ်တွေရှိနေသ၍ မြောင်းထဲဒုက္ခမှလွတ်မြောက်တက်နိုင်မည်မထင်မြင်။ ကျားတွေ-ဆင်တွေမရှိလို့တော်သေးတယ်-ရှိလျှင် နောင်ဘဝသို့ချီတက်ရပြီလေ။ Air ထဲ သင်္ကြန်အမြောက်ပျစ်သူတွေများ၊ မဟုတ်သေးဘူးထင်ပါရဲ့။ အမည်မဖေါ်လိုဌာနတစ်ခုတွင်ဆိုက လုပ်ငန်းဘာသာရပ်လည်းမသိ-မတတ်-မကျွမ်း၊ သင်ကြားနားလည်ရအောင်ကျိုးစားခြင်းသည်လည်းဝေးမှဝေး၊ သို့ပင်ငြား ဆရာကြီးပြုလုပ်-ဦးပေါ် ဦးသကဲ့အတု ခိုးလေ၍-လက်ညှိုးညွှန်ရာရေထွက်မည်ထင်သော် … မဖြစ်၊ ပြိုကွဲတစ်လစ်ဆိုလေတော့၊ မသိခေါက်ရက် အဝင်နက် စကားပုံနှင့်နှိုင်းယှဥ်ဆိုရအံ့၊ ခက်သား။ လက်ညှိုးထောင်-ခေါင်းငြိမ့် မိုးခါးရေသောက်-လေပင့်ရာ လိုက်စီးသူများမကင်းစင်သ၍ မုန့်မျှော်ရန်မရှိချေ။
ယ္ခုပစ္စုပ်ပန်၊ သည်ခေတ်ကာလတွင်၊ တိုးတက်မင်္ဂလာခညောင်းသောအ ပြုအမူများလည်းရှိအံ့၊ လူသူအများသည် အချို့သောသိပ္ပံနည်းပညာသစ် e.g. ဆိုလာပြား၊ အင်ဘာတာ၊ (wind farms) အချို့သောနေရာများ ၊ သက်သတ်သတ်လွတ်စားခြင်း၏အကျိုးကျေးဇူးတွေပိုမိုနားလည်လာကြ၏။သည်တင်မက တိုင်းရင်းဆေးများ၏အစွမ်းသတ္တိ၊ ဘာသာရေးပိုမိုကိုင်းရှိုင်း-ဥပုသ်ရက်ရှည်ဆောက်တည်၊ ချွေတာရေး စား-ဓာတ်-ဒီ-စက်-ချော-ဆီမျိုးစုံ၊ ရေ၊ လျှပ်စစ် စသည်အကြောင်းရာများလည်းအဆင့်မြင့်နား လည်လာကြသည်။ ကျမ်းမာရေးဆိုရက လူသူများပိုမိုလမ်းလျှေက် စက်ဘီးစီးနင်းကြ ကိုယ့်အားကိုယ်ကိုး စသည်တွေပေါ့ဗျာ။ ပညာရေးအပိုင်းတွင်လည်း ကျောင်းတက်သင်ကြားမှတတ်မည်မဟုတ်တော့ချေ၊ သဘာဝပတ်ဝမ်းကျင်မှသင်ကြားခြင်းမှတတ်ကျွမ်းပညာတွေရပါ့ဗျာ၊ မကြေနပ်က ကျောင်းဆက်တက်လိုက ဘုန်းတော်ကြီးကျောင်း(အခမဲ့)ရှိသေး။ အချိန်တန်၍ လုပ်ခ-လစာ ရယူက ငွေစက္ကူတွေတဝကြီး။ လူတွေလည်း အိမ်မှာနေထိုင်ရင်း အထူးအပျော်အပါးရှာစရာမလို၊ စောင့် ဆိုင်းက ……. ။ အ ချို့များလက်ခုတ်တီးခြင်းနှင့်ချီးမြင့်ထောက်ခံပြသကြသတဲ့ဗျာ။
စကားလုံးအဟောပြောကြီးပြီး-air လွှတ်တာတွေလွန်ကဲ-လေလှိုင်း marathon တွေနှင့်ဖြေသိမ့်-သူ့နေရာနဲ့သူရှိပေမှာပေါ့နော်၊ သို့ပင်ငြား၊ မဟုတ်သေးဘူးထင်မြင်ပေရဲ့။ ဆောက်ဖြစ်မှကျောင်းဒကာလေ။
ကျေးဇူးကမ္ဘာ

CAPE HORN

 CAPE HORN

Cape Horn ကိုကျွန်တော်မရောက်ဖူးချေ၊ “ပတ်”ဆိုသည်မှာ ဝေးမှဝေး၊ သို့ပင်ငြားစိတ်ပါဝင်စားသည်မှာအမှန်တကယ်ဖြစ်ရာ လေ့လာဖတ်ရှုပေသည်၊ ကမ္ဘာတွင်ထူးကဲ၊ ရောက်ရန်ခက်ခဲတယ်လေ။ Cape Horn သည်ချီလီ(Chile)နိုင်ငံ တောင်ဆုံးပိုင်း Tierra del Fuego ကျွန်းစု၊ သေးငယ် Hornos (Horn) ကျွန်းတွင်တည်ရှိလေ၏။ ရှေးသင်္ဘောသားများ၏တပေါင်မှာ ”Below 40° S there is no law; Below 50° S there is no God”တဲ့။ အကြောင်းမှာ တစ်နှစ်ပါတ်လုံးအေး၊ လှိုင်းကြီး၊ မိုးရွာလွန်ကဲ၊ မိနစ်ပိုင်းအတွင်းရာသီဥတုအပြောင်းမြန်၊ ဆောင်းရာသီတွင်ရေခဲတောင်များနှင့်တိုက် ခိုက်ရန်လွယ်ကူ-မြူနှင်းသည်တစ်နှစ်ပတ်လုံးနီးပါး-ဘက်မျိုးစုံအန္တရာယ်များကြီးမားသည်မှာလွန်ကဲ၏။ ကမ္ဘာ့ပင်လယ်သမုဒ္ဒရာများတွင် ဖော်ရွေခြင်းကင်းမဲ့၊ နေခင်းထိုင်သာမရှိဆုံးဆိုရအံ့။ ၁၆-၂၀ရာ စုနှစ်များအတွင်းသင်္ဘောစီးရေ(၈၀၀)ကျော် ကျောက်ဆောင်တိုက်-နစ် မြုပ်၊ သင်္ဘောသားပေါင်း(၁၀,၀၀၀)ကျော်အသက်စွန့်လွှတ်-သေဆုံး-ပင်လယ်သို့လှူဒါန်းသွားရကြ၍ Cape Horn ဧရိယာသည်ကမ္ဘာပေါ်တွင်အကြီးဆုံးရေအောက်သင်္ချိုင်းဖြစ်လာသည်။ Cape Horn အား ၁၆၁၆ခုနှစ်တွင် ဒတ်ခ်ျ (Dutch) navigators Jacques Le Maire နှင့် Willem Corneliszoon Schouten များမှတွေ့ရှိခဲ့ပြီး ဒတ်ခ်ျမြို့ Hoorn ကိုတင်စားကာ Cape Horn ဟုသတ်မှတ်အမည်မှည့်ခဲ့လေသည်။ ဖေါ်ပြအဖြစ်ဆိုးများကြောင့် Cape Horn ပတ်ဖူးက ရှေးသင်္ဘောသားများသည် ဘယ်ဘက်နားတွင်သံထည်/ရွှေနားကွင်းပန်ကြ(သို့)အပြာရောင်ငါးဒေါင့်ကြယ်လေးဘယ်ဘက်နားတွင် တက်တူးထိုးကြသည်တဲ့ဗျာ။ ငါးကြိမ်ဆိုက ညာဘက်နားရွက်အပါအဝင်၊ ဆယ်ကြိမ် Cape Horn ပတ်ဖူးလျှင် နဖူးပေါ်အနီရောင်ငါးဒေါင့်ကြယ်လေးအမှတ်အသားစုတ်ထိုးကြသတဲ့။ ဆယ်ကြိမ်နှင့်အ ထက်လှည့်ပတ်ခဲ့သော်ရှိသေးသဗျ။ ယ္ခုခေတ်ကာလတွင် သင်္ဘောများမှာ Cape Horn ပတ်ဖူးက သင်္ဘောသားများကိုလက်မှတ် (certificate) ခြီးမြှင့်သည်သိရှိရ၏။
Cape Horn အား သိုက်အိမ်သဖွယ်နေထိုင်ကြဇာတိငှက်နှင့်ငါးပေါများလေသည်၊ e.g. ပင်လယ်ဇင်ရော် (Albatross)၊ ဧရာမ တောင်အရပ်ပင်လယ်ငှက် (Petrel)၊ ပင်လယ်ဖျံကြီး (Sea lions)၊ ဝေလငါး (Hump-back whales)၊ ပင်လယ်ရေမှော်ဘဲ(Kelp goose)၊ ဧရာမဖျံ (Elephant seals) စသည်ရှိသော်၊ ယနေ့အိမ်သဖွယ် စတည်းချနေထိုင်လူဦးရေမှာ ချီလီရေတပ်မိသားစုသာလျှင်ပါပဲ။ Cape Horn ပေါ် ၌မီးပြတိုက် (light-house) နှစ်ခုရှိပေသည်။ Lighthouse တစ်ခုမှာ လေးမီတာအမြင့်ဖိုက်ဘာမှန်(fiberglass)မီးဆင် 55°58′38″S 67°15′46″W တွင်ဖြစ်ပေသည်။ ဒုတိယ lighthouse သည် ချီလီရေတပ်စခန်းလေး 55°57′49″S 67°13′14″W ၌တည်ရှိ၏။ အဆိုပါရေတပ်စခန်း လေးသည် 77.8477° S တွင် နေအိမ်၊ လုပ်ငန်းရုံး၊ ဘုရားကျောင်းလေး၊ မီးပြတိုက်ပါရှိလေသည်။ Cape Horn စခန်းလေးတွင်တာဝန်ထမ်းဆောင်လိုသူများမှာ ၁။ လူပျိုမဖြစ်ရ ၂။ မိသားစုနှင့်အတူနေထိုင်လိုသူဖြစ်ရအံ့ ၃။ တာဝန်သက်တန်းတစ်နှစ်-နှစ်လတစ်ကြိမ်စားနပ်ရိက္ခာပို့ပေး ၄။ ဆန္ဒရှိဝန်ထမ်းများအား၎င်းရေတပ်မှနေရွေးချယ်ခြင်းဖြစ်သည်။ တာဝန်ဝတ္တရားများမှာ က။ Cape Horn ကိုဖြတ်သန်းသင်္ဘော/ရွက်လှေအားလုံးရှိ သင်္ဘောသားအသက်ကိုကာကွယ်ရန် ခ။ ရာသီဥတု-ရေကြောင်းသွားလာမှုဆိုင်ရာအချက်အလက်များရေဒီယိုနှင့်ပေးပို့ခြင်း ဂ။ မီးပြတိုက်-ရေဒီယို-ရေဒါစက်-ဂြိုလ်တုဖုန်းနှင့်အင်တာနက်-အဆောက်အအုံအားလုံးကိုကြည့်ရှုမွန်းမှန်ထိမ်းသိမ်းခြင်းနှင့် ဃ။ Cabo de Hornos National Park ကိုပါစောင့်လျှောက်ကြီး ကြပ်ကွတ်ကဲခြင်းဖြစ်ပေသည်။ နေအိမ်နှင့်မိသားစုဖျော်ဖြေရေးအတွက် ရုပ်မြင်သံ ကြားစက်နှင့်အင်တာနက်တတ်ဆင်ထားပေးလေသည်။ စခန်းနှင့် ”တစ်ပြ”တွင် Cape Horn ပတ်ရင်းကြိုးပမ်း-သေဆုံးသင်္ဘောသားများ အမှတ်တရကျောက်ထုနှင့်ပင်လယ်ဇင်ဇော် (albatross) သံပန်းပုကြီးလည်းရှိသည်။ p.s. င။ ဧည့်သည်များရောက်ရှိက စောင့်လျှောက်ရန်တာဝန်လည်းပါသေးသည်။
Cape Horn သည် ကျွန်တော်တို့ရေကြောင်းနှင့်စီးပွားရေးသမိုင်းတွင်လွန်စွာအရေးပါလေသည်။ Cape Horn ကြောင့် ဥရောပ-အရှေ့အာရှနိုင်ငံများ၊ အမေရီးကားအရှေ့-အနောက်ရေလမ်းကြောင်းများ၊ အထူးသ ဖြင့်ရွက်သင်္ဘော (clipper) ခေတ်တွင်ကျော်ကြားခဲ့လေရဲ့။ ၁၉၁၄ခုနှစ်တွင်ပနားမားတူးမြောင်း စတင်ဖွင့်လစ်ခဲရာ များစွာသောသင်္ဘော Cape Horn လမ်းကြောင်းကိုရှောင်ဖယ်ခဲ့ကြသည်၊ e.g. New York မှ Los Angeles ခရီးစဥ်တွင် ရေမိုင်၈,၀၀၀(၁၅,၀၀၀ကီလို)ခန့်နှင့်(၁၀)-(၂၂) ရက်ထိတိုတောင်းသက်သာစေ၏။ ၂၀၂၃/၂၀၂၄နှစ် တွင် ပင်လယ်နီရှိယီမင်နိုင်ငံ ဟူသီလူမျိုးမှဒုံးပျံနှင့်သင်္ဘောများပြစ်ခပ်တိုက်ခိုက်ခြင်းသည် တစ်ကြောင်း၊ အယ်လ်နီနိုကြောင့် ပနားမားတူးမြောင်းရေခန်းသည်ကတစ်ဖုံသည် Cape Horn လမ်းကြောင်းအား တူးမြောင်းကန့်သတ်ချက်ကျော်သင်္ဘောများနှင့်အတူပြန်လည်အသုံး ပြုလာကြသည်။
အားထန်အန္တာတိကစက်ဝိုင်းပိုလာရေစီးကြောင်းနှင့်ဘရာဇီးလ်ရေစီး ကြောင်းပေါင်းဆုံခြင်းကြောင့် လှိုင်းထန်သောပင်လယ်၊ မှန်းဆမရရာသီ ဥတု၊ အမြဲအေး၊ ရေစီးသန်ခြင်းအခြေအနေများကြောင့် ရေကြောင်းသွား လာမှုမှာ စဉ်ဆက်မပြတ်စိန်ခေါ်မှုတစ်ရပ်ဖြစ်လျှက်နေလေ၏။ Cape Horn ရာသီဥတုသည် subpolar oceanic climate (Cfc) ဖြစ်ရာ၊ မိုးတားမရ၊ အများစုမှာ မိုးတိမ်တောင်(sleet)နှင့်နှင်း(snow)အသွင်ဖြင့်ကျဆင်းလေသည်။ ရေကြောင်းသ္မားများမှ "graybeards"(သို့) "Cape Horn Rollers"သမုတ်ခေါ်ဝေါ်ကြသည်။ Cape Horn ကို ချီလီ သင်္ဘောသားများမှ"Fin del Mundo/End of the World" အမည်မှည့်ကြသည်။ ပုံမှန်အား ပေးအသုံးပြုသူများမှာ ရွက်တိုက်လှေ(ကမ္ဘာပတ်ပြိုင်ပွဲအပါအဝင်)၊ သုသေသနသင်္ဘောများနှင့်အပျော်ခရီးသွားင်္ဘောများဖြစ်လေ၏။ တောင်အမေရီးကားပတ်ရန် ပင်လယ် လမ်းကြောင်း Cape Horn (Drake Pass-age) နှင့် Magellan Strait အတွင်းလမ်း နှစ်သွယ်ရှိအံ့။ Cape Horn ပတ်ခြင်းသည် ရေကြောင်းလောကတွင် ဧဝရတ်တောင်တက်ခြင်းနှင့်နှိုင်းယှဥ်ကြသည်။ ကျွန်တော်ကတော့ စာပေအရ Cape Horn ရောက်ဖူးလေပြီ။ ”ဒင်္ဂါး”မရလျှင်နေပါစေ၊ လက်တကမ်းအမြဲ အန္တရာယ်နှင့်ဝမ်းစာအားဖက်နှင့်ထုတ်၍ရှာဖွေရသည့်ဘဝကိုမနှစ်မြို့ချေ၊ ဆားနှင့်သာစားတော့မည်။ မသွားလိုကြောင်းအတိအလင်းကြေငြာလိုက်ရလေသည်။
ကျေးဇူးကမ္ဘာ
LEGENDS, MYTHS, TALES & YARNS?
In 1840, a British whaling vessel christened “Hope” was trapped in the Drake Passage ice near the Antarctic South Shetland Islands with frozen dead men and women on board. According to letters written by the Captain, the ship, “Jenny,” had been stuck in the ice since 1823.
Though no records have officially surfaced to this day, it was said that the crewmembers of the Hope returned to tell the tale of the Jenny, taking only the captain’s logs with them. Many seafarers claimed that sightings of Jenny silently gliding along the Southern Ocean for all of eternity.
Just to top it, understand that the Flying Dutchman also sails the southern seas forever and a day too.

မြွေလှေကား (Snakes & Ladders)

 မြွေလှေကား (SNAKES AND LADDERS) - ၁၆.၀၅.၂၄

ရက်အနည်းငယ်က မိမိချစ်သူငယ်ချင်း၊ တစ်ချိန် Chief Engineer ဦးပီတာသန်းအောင်မှလူ့ဘဝအား Snakes and Ladders Game နှင့်နှိုင်းယှဥ်ခဲ့သည်။ ထောက်ခံမှန်ကန်လေစွ၊ ဘဝဆိုသည် မိခင်မှမွေးဖွားလိုက်သည်အချိန်မှစတင်၍ ဂိန်းနှင့်ဆင်တူဆိုရအံ့-အတတ်+ဆင်းများလေစွ။ နို့စို့-လေးဖက်သွား-ပညာသင်-အလုပ် လုပ်-ပင်စင်/နား၊ ဘဝငြိမ်းသည်ထိ ကျွန်တော်တို့အားလုံးသည် ဘဝသံတရာရထားကြီးပါပဲ။ ဘူတာစုံ အ တက်-အဆင်းသည်များလှပေသည်၊ ဘယ်နှစ်ကြိမ်-ဘယ်နှစ်ခါ မရေ တွက်နိုင်တော့ချေ။ အသက်ရလာလေ ကုန်းဆင်းသာလျှင်များပေသည်-သဘာဝလည်းကျပေ၏။ ကျွန်တော်သည် ဘဝမှန်ပြားပေါ်တွင်ပြန်လည်ကြည့်ရာ မိမိပုံရိပ်တွင် အမှန်-အမှား၊ ကောင်း-ညံ့၊ ပြုလုပ်သင့်-မသင့်၊ ဆင်းရဲ-ကြွယ်ဝ(အတိုင်းတာတစ်ခုထိ)၊ မနဂုဏ်တက်-မောက်-ကျဆင်း၊ ချစ်-မုန်းခဲ့သည် များပါ့ဗျာ။ အမှား-မပြုလုပ်သင့်သည်များကို ခဲဖျက်နှင့် ပြန်လည်အစမဖျောက်နိုင် too late ဖြစ်လေသော်၊ “အိုပယ်ကြီး”ဘဝမချုပ်ငြိမ်းမီ၊ မိမိလက်လှန်းမီလုပ်ငန်းပညာရပ်များကို မိမိလုပ်ငန်းရှိနောင်လာနောင်သားအကျိုးဖြစ်ထွန်းစေရန် မေတ္တာနှင့်ဝေမျှပြုလုပ်ပေလိုသည်-ကျွန်တော်မျိုးကျင့်ကြံ-ပြုလုပ်လျှက်ပါပဲ။ အဘယ်ကြောင့်? နောင်ဘဝသို့ယူသွားမရ-ယူလည်းမယူလို၊ သည်ဘဝတွင်အသုံးတည့်မည်ဆိုက လက်ဆင့်ကမ်းလိုလေသည်။ Something I can manage, control and contribute ပေါ့။ ကျေနပ်ပီတည့်ထမြောက်ပေပြီ။ ဘာသာရေး? ဆောရီး-ကျွန် တော်သည်”မူကြို”အဆင့်သာ-အသက်ကြီးပြီး အချိန်မစီးဆိုရအံ့၊ လိုအပ်-မှားမှန်းသိသော် အချိန်နှောင်းသွားပြီလေ-ရှက်ဖွယ်? Yes ။ တတ်သိသည်များသာ ဝေမျှရင်း-နှုတ်ခွန်းဆက်လေမည်။
မိမိဘဝလမ်းတစ်ဘူတာမှ ကြားဖြတ်စရမည်ဆိုက.......
ငယ်စဥ်ထိုတစ်ချိန်တစ်ခါက၊ အစိုးရပင်လယ်ကူးသင်္ဘောပေါ် အလုပ်ရာ ထူးဆွပ်ခူးနိုင်သည်မှာ”ရွှေ”ထက်ရှားဆိုရပေမည်။ အလုပ်သင်အရာရှိအ ဆင့်သည် ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်၊ ဂုဏ်ကြက်သရေနှင့်ခညောင်းပွဲ လယ်တင့်ရာ ပြည့်စုံသည်ထင်မြင်ခဲ့ပေါ့လေ။ ဆယ်နှစ်ဆယ်မိုး ပင်လယ်ကို အမှူးပြု၍ စားဝတ်နေရေးအတွက်ငွေကြေးရှာဖွေခဲ့သည်။ သင်္ဘောလိုက်ခြင်းသည် အသက်ရလာသော်၊ “မမိုက်”ဆိုရအံ့၊ သို့ဖြစ်ရာ လူလတ်အပိုင်းတွင် ကမ်းနားရာထူးအခွင့်အရေးတစ်ရပ်ပေါ်သည်နှင့်၊ အများနှင့်ရှင်ပြိုင်စာမေးပွဲဖြေဆိုခဲ့လေရဲ့-အရှုန်းမရှိ-အောင်မြင်လို့တော်သေး။ ကမ်းဖက်ဆင်း Career ပြောင်းသော်၊ နှေးကွေး-နေမတတ်-မကိုင်တတ်-လုပ်စားမတတ်၊ ဖါးမကျ-ငါးမဟုတ်-out of 31 ပေါ့ဗျာ။ လက်ဝယ် အောင်လက်မှတ်မှတ်များရှိ၍ ထ္မင်းမငတ်နိုင်ဖူးလေ။ Snakes and Ladders Game စချေပြန်ပြီ၊ အန်စာတုံးပေးလေသောအဖြေသည်ချောက်မျိုးရှိရာ တက်-ဆင်း၊ များ-နည်း၊ စုံပေပေါ့။
လုပ်ငန်းသစ်ပညာရပ်အား ငါးနှစ်ခွဲခန့်စာဖတ်သင်ကြားခွင့်ရှိသည်မှာ ဘဝလမ်းကြောင်း”အတက်”ပညာဆိုရအံ့၊ ဇနီးနှင့်သားငယ်ချွေတာခဲ့ရသည်လည်းကျေးဇူးကြီးလှပေသည်၊ ထို့ပြင်ဌာနကြီးကျေးဇူးအားလည်းယနေ့တိုင်မမေ့မလျှော့ပါ၊ မိမိကဲ့သို့ အခွင့်အလမ်းမရရှိ-မကြုံကြိုက် လုပ်ငန်းတူဘော်ဘော်-နောင်လာနောက်သား-များအား ကျွန်တော်၏သည်ပစ္စုပ်ပန်ဘဝတွင်မေတ္တာနှင့်”သင်ညာ”ဝေမျှမည်ကို ထိုစဥ်ထည်းမှသံဓိဌာန် ပြုခဲ့သည်။ ကျွန်တော်သည်ဆရာပင်မထမြောက်၊ ဘာသာရပ်တတ်ကြွမ်းသူလည်းမဟုတ်၊ ပညာသည် အတန်းမဝင်၊ မိမိယနေ့တတ်သိခြင်းများမှာ၊ ကျောင်းသင်ညာ(၁)ပဲ၊ လုပ်ငန်းအတွေ့အကြုံ(၁၀)သားနှင့်မှားရွင်းခဲ့ခြင်းများမှသင်ခန်းစာသည်(၁)ပိဿာဖြစ်လေသည်။ သို့ဖြစ်ရာ၊ ဖြန့်ဝေမျှသူအဆင့်သာ ဖြစ်အံ့၊ လက်လှမ်းမီသလောက်ပေါ့နော်။ အကျိုးဖြစ်ထွန်း-ပညာရခြင်းသည် ကာရခံစာဖတ်သူတာဝန်သာလျှင်၊ ဝမ်းဆွဲဆရာပြောသလို”ကိုယ့်ကိုယ်လည်းညစ်ဦးမှ”၊ မိမိသည်လည်း ထိုဘဝမှဆင်းတက်လာကြောင့်ပါ။ နောက်မေးခွန်း-အဘယ်ကြောင့် သည်စိတ်ထား-စိတ်ကူးဖြစ်လာသနည်း? ကျွန် တော်မျိုး ထင်ကြေးပေးရက၊ လန်ဒန်မြို့ကျောင်းတော်မှ စိတ်ထားတတ်ရန်သင်ပေးသည်ဆိုရအံ့။ မသိလျှင်မေး၊ မစင်လျှင်ဆေး၊ မှားသည်ထင်မြင်ကပြော၊ အမှန်တရားကိုလက်ဝယ်ဆောင်၊ အဓိကသင်ကြားခြင်းသည် ကူညီချင်စိတ်အမြဲရှိစေရန်ဖြစ်၏။ မြန်မာပြည်လုပ်ငန်းဌာနတွင်မိမိကျင့်သုံးသော်၊ အရေးပါရာထူးရှင်များမှ လက်ခံခြင်းသည် လွန်စွာနည်းပါးလေသည်။
မိမိအဘယ်ကြောင့် ပင်လယ်ရေကြောင်းစီးပွားရေးဆိုင်ရာ posts များ အပတ်စဥ် FB ပေါ်တွင်ရေးတင်သနည်း?
ဘိုလိုအဖြေဆိုရပါက …..
It is not that I know much.
However, I do know how it feels to know NOTHING !
စာဆိုရှိသေး …..
The more you read, the more you know.
The more you know, the more you realize how much you don’t know.
လန်ဒန်မြို့/ဘိလပ်/အင်္ဂလန်/ဗြိတိန်တွင် ပင်လယ်ရေကြောင်းစီးပွားရေး ပညာရပ်သင်ကြားပေးရာ ကျောင်းတွေအများကြီးပါ၊ ကျွန်တော်တို့မြန်မာပြည်တွင် ရေကြောင်းပညာသက္ကသိုလ်-သန်လျင် တွင်တစ်ခုတည်းသာထီးထီးကြီးရှိရာ၊ ငွေကြေး-အချိန်-သတ်မှတ်ချက်-ပညာအရည်အခြင်း-အသက်-ဘောင်မ မီ/ဝင်ပုဂ္ဂိုယ်များကို ကိုယ်ချင်းစာသနားမိသည်။ ခေတ်ဗန်းသင်ခန်းစာပေးရက၊ ဘဝတစ်လျှေက် နိမ့်ကျမည်သည် များသော်၊ ဘာမှမလုပ်လျှင်-ဘာမှမဖြစ်၊ ဝိတိုရိယခေတ် အင်္ဂလိပ်ဝတ္ထု/က ဗျာ/သတင်းစာ စာရေးဆရာမကြီး Mary Ann Evans ကလောင်နာမည် George Eliot ပြော/ဆို/ရေးသားခဲ့သည့်အတိုင်း “It is never too late” ဖြစ်ရာ လက်မလျှော့ အရှုံးမပေးပဲ မိမိတတ်လို-သိလို-ပညာရလိုသည်များအား ကျိုးစားလိုက်ရအောင်။ အလျှင်းသင့်၍ဖေါ်ပြလိုသည်မှာ Mr. Winston Churchill သည် Eton ကျောင်းသာတက်ရောက်ဖူးသည်-သက္ကသိုလ်မှဘွဲ့မရသော်၊ စစ်ဗိုလ်-ဝန်ကြီး ချုပ်-ဆာ (Sir) ဘွဲ့၊ ကမ္ဘာတွင်လေးစား-ထင်ပေါ်ကျော်ကြားသူတောင်ဖြစ်သွား သေးသည်။ အဓိက အရေးကြီးသည်မှာ စိတ်ဝင်တစား-စာဖတ်ရန်သာပါပဲဗျာ။ Snakes and Ladders Game နှင့်နှိုင်းယှဥ်က ဘဝဖြစ်စဥ်သည်အလားတူဖြစ်ငြား၊ သမင်မွေးရင်း ကျားစားရင်းအခြေအနေတွင် မြွေစာမဖြစ်ရန် ကျိုးစားရလေပေါ့ဗျာ။
ကျေးဇူးကမ္ဘာ

Sunday, 6 December 2020

စေ တနာ မေတ္တာ

  စေ တ နာ မေ တ္တာ အ ပိုင်း - ၁

(စု စု ပေါင်း - ၄ ပိုင်း)

 

အော် ……. သူ တို. တွေ အ တွက် ။

(5* ဝန် ထမ်း များ ကို ရည် ရွယ် ပါ သည်)

 

ကျွန် တော် သည် ၊ ကံ  ခေ သူ မ ဟုတ် ပါ လား ?

ဘိ လပ် မှာ အ လုပ် ပညာ သင် ကြား ခဲ့ ရ ၊လုပ် သက် (ပင် စင်) ကျော် သည် ထိ ၊ ဒီ လော က မှာ ဒီ ပ ညာ  နှင့် ပျော် ပျော် ကြီး လုပ် ခဲ့ ရ သေး ပေါ့ ။ အ ထူး ပင် ပြော စ ရာ မ ရှိ ပါ ။

 

ကျွန် တော် ၏ ၊ သ င်္ဘော  လုပ် ငန်း လုပ် သက် တ ခွင် တွင် ၊ လေး စား အပ် သည့် ပု ဂ္ဂိုလ် ထူး (၄) ဦး ကို ၊ ကံ ထိုက် ၍ ကြုံ ကြိက် ခဲ့ ရ ပါ သည် ။ သုံး ဦး မှာ ကိုယ့် မြန် မာ ပြည် သား ၊ ‌တ ယောက် မှာ ၊ မ လေး တ ရုတ် ။ လေး စား ရ သည့် ကြောင်း ရင်း များ ကို ပင် ၊ ဤ ဆောင်း ပါး ဘတ် ရှု ရင်း ၊ ကွက် ကွက် ကွင်း ကွင်း  ထင် ရှား မြင် ပေါ် လာ ပါ မည် ။

 

အ ဆို ပါ လေး ဦး ၏ လုပ် ဆောင် ချက် များ ကို ပင် ၊ လုပ် ဖေါ် ကိုင် ဘက် များ မှ ၊ ခံ တွင်း တွေ့

 ရှိ ကြ သ လို ၊ မ ကြေ ညက် သူ များ လည်း ရှိ ကြ ပါ သည် ။ ကျွန် တော် ၏ ကျုံ တွေ့ မှု များ မှာ လည်း အ လား တူ ပါ ဘဲ ၊ ကြိုက် ‌တ လှည့် ၊ သ ဘော မ တွေ့ တာ လည်း နည်း နည်း ရှိ ပေါ့  ။ စင်း လုံး ချော တော့ မ ရ နိုင် ဘူး လေ ။သို့ ပါ သော် လည်း ၊ အ ချုပ် အား ဖြင့် ဆို ရ မည် ဆို ပါ လျှင် ၊ လေး ယောက် စ လုံး  မှာ ၊ လုပ် ငန်း နှင့် အောက် ခြေ ဝန် ထမ်း များ အ ပေါ် ၊ စေ တ နာ ကို ဦး ထိပ် ထား ၍ ၊ တိုး တက် ၊ လုပ် ငန်း တွင် ပျော် မွေ့ ၊ ကျမ်း မာ ၊ လုပ် ငန်း ပ ညာ တတ် မြောက် ရေး များ ကို အ စဥ် မျှော် တွေး ၊ ကြံ ဆ နေ သူ များ ပါ ။ ကူ ညီ မှု က တော့ ၊ မည် သူ မ ဆို ကို ပါ ဘဲ။

 

ဦး သန်း ထွတ် (ဘဝ တပါး သို. ပြောင်း ရွှေ့ သွား တာ ကြာ ပေါ့)

တ ရံ ရော အ ခါ က၊ ဂျီ အမ် (GM) လေ ။ 5* မှာ အ ကောင် ။ ဝန် ကြီး ပြီး လျှင် သူ ဘဲ ၊ (ဝန် ကြီး က ၊ MD ရာ ထူး ကို ပါ ကိုင် တာ) ။ အဲ ဒီ ဆ ရာ ကြီး က ၊ မူ ရင်း စာ ရင်း ကိုင် ပါ ။ သူ က Scotland U.K. တွင် ပ ညာ စည်း ဘူး ပြီး Chartered Accountantcy (CA) ဘွဲ့  ရ ရှိ ခဲ့ ပါ တယ် ။ B.E.D.C. က နေ 5* ရောက် တော့ လည်း ၊ ဒု စာ ရင်း ကိုင် ချုပ် လေ ။ ပြော ရ လျှင် စာ ရင်း ပညာ ရှင် စစ် စစ် ၊ ရေ မ ‌ရော ပါ ။ လူ က ၊ အ သား ဖြူ ၊ ရှမ်း ၊ ဝတ် တါ ချည်/ပင် နီ ကြမ်း ၊မျက် န ထား က မ ပြုံး မ ချို ၊ အ ပြော က လည်း မ မိုက် ၊ စား တာ က ဖီး ကြမ်း ၊ သောက် တာ က ရေ ။ ဌာ န တွေ ကိုင် ထား တာ ရေ/ဆီ မ ယို ဆီး ဘူး ။  အ လုပ် နှင်. ပါတ် သက် လျှင် ၊ ဂျီ အမ် နှင့် မ တွေ့ လို ပါ ၊ ကျား မြီး သာ ဆွဲ လို ပါ သည် ။ လျှော် ကြေး/အာ မ ခံ + လုပ် ငန်း ဆောင် ရွက် ရေး

ဌာ န များ ကို ကိုင် တွယ် ကွပ် ကဲ သည် မှာ အ သေး စိတ် ။  

 

ဦး သန်း ထွတ် သည် ဘွဲ့ ရ စာ ရင်း ကိုင် ဖြစ် သော် လည်း ၊ သူ သည် ၊ ရေ ကြောင်း  လုပ် ငန်း ဆိုင် ရာ ဥပ ဒေ/အာ မ ခံ/လျှော် ကြေး များ (shipping and its related laws plus  P&I, marine  insurance  laws and regulations) နှင့် ရေ ကြောင်း စီး ပွား ရေး (maritime economics) ဘာ သာ ရပ် များ ၊ စာ ဘတ် လေ့ လာ မှု ကြောင့် ၊ တတ် ကျွမ်း သူ အ ဆင့် ရောက် ရှိ သတ် မှတ် ခံ  ရ သည် သာ မ  ၊ 5* ၊ ဝန် ကြီး ရုံး/ဥပ ဒေ ရုံး များ ၏ လေး စား မှု ကို လည်း ၊ သတ်ခံ ယူ ခဲ့ ရ သူ ‌တ ပါး ဖြစ် လာ ပါ သည် (၎င်း အ ဆို ပါ ဘာ သာ ရပ် အောင် လက် မှတ် များ ရှိ/မရှိ တော့မ သိ ပါ)_ ။  

 

5* ရုံး ဝန် ထမ်း များ ၏ ပ ညာ တတ် မြောက် ရေး ကို ပံ့ ပိုး ကူ ညီ ၊  ထို မှ ‌တ ပါး ၊ ရုံး ချိန် ပြင် ပ တွင် ၊ ဘု ရား တ ရား ဘာ သာ ရေး များ ကို လည်း စိတ် ရော ကိုယ် ပါ ၊ တ တပ် တ အား ၊ ကိုယ် ထိ လက် ရောက် ဆောင် ရွက် ပါ သေး သည် ။ အ ဓီ က ၊ က ၊ “စေ” တ လုံး လေ …….

(ဆက် ရန်)

 

အ ပိုင်း - ၂

(စု စု ပေါင်း - ၄ ပိုင်း)

 

ဦး မောင် မောင် စိုး (ဒု တိ ယ အ ထွေ ထွေ မန် နေ ဂျာ ၊ ညွန် ကြား ရေး ဌာ န (ငြိမ်း)

အ သက် က ငယ် ၊ လူ က လည်း ခန့် ဖြူ ချော ၊ ထောင် ထောင် မောင်း မောင်း ၊ အ ပြော အ ဆို က ကောင်း ၊ ရာ ထူး က ပို့/ဆက် ဝန် ကြီး ကိုယ် ရေး အ ရာ ရှိ ၊ တပ် မ တော် (ကြည်း) ဗိုလ် ကြီး၊ ကျွန် တော် ဤ ပု ဂ္ဂိုလ် ကို ၁၉၆၆/၆၇ ခု နှစ် ၊ ပို့/ဆက် ဝန် ကြီး ရုံး တွင် ပဌမ ဦး စွာ တွေ့  ဘူး ခြင်း ဖြစ် ပါ သည်။ ကိုယ် ရေး ကိုယ် တာ အ ကူ ညီ သွား ၍ မေ တ္တာ ခံ ခဲ့ တယ် လေ ၊ လက် ကြီး ဘဲ မ ဟုတ် ၊ လျှာ နှင့် သွား ပါ ၊ ပါ သေး သည် ။

 

ဗိုလ် ကြီး မောင် မောင် စိုး သည် ပို့/ဆက် ဝန် ကြီး ရုံး မှ 5* သို့ ပြောင်း ရွှေ့ (transfer) ပြု လုပ် ခဲ့ သည် မှာ ၁၉၉၈ ခု နှစ် ၊ ဒု တိ ယ အ ထွေ ထွေ မန် နေ ဂျာ (ညွန် ကြား ရေး) အ ဆင့် နဲ့ ပေါ့ ၊ မိုး ကျ ရွှေ ကိုယ် လေ ။ ထို သူ သည် ကျွန် တော် တို့ ၏ 5* တွင် မျှော ၍ သာ ၊ အ ဂ် လိပ် ဘာ သာ ဖြင့် ပြော ရ မည် ဆို ပါ လျှင် water follow, fish follow ပြု လုပ် နေ ၍ ရ ပါ သည် ။ ဒီ ပု ဂ္ဂိုလ် ဤ ကဲ့ သို့ မ ဟုတ် ပါ ၊ သူ ဆွမ်း ဆောင် လို သည် များ ကို ၊ ရာ ထူး အ ရှိန် အ ဟုန် အ သုံး မ ပြ/ ချ ခဲ့ ပါ ။ 

 

ဦး မောင် မောင် စိုး သည် ၊ သူ ၏ ကိုယ် ပိုင် အား လပ် ချိန် များ ကို တန် ဘိုး ရှိ စွာ အ သုံး ပြု ခဲ့ ပါ ကြောင်း ၊ လုပ် ငန်း နှင့် စပ် လျှင်း သော Master of Public Administration(MPA) နှင့်  Diploma in Maritime law များ ကို တက် ရောက် ၍ ၊ ဤ ပ ညာ သစ် များ ကို စည်း ဘူး အောင် မြင် ခဲ့ ပါ သည် ။  ကျွန် တော် သည် ၊ ၎င်း အောင် မြင် ချက် များ အား အ ထင် မ ကြီး ပါ ။ ကြောင်း ရင်း မှာ ၊

အ များ က သင် တန်း တက် ‌ရောက် သူ များ ဤ သို့ ပင် ဆောင် ရွက် နိုင် ခဲ့ လို့ ပါ ။

 

ကျွန် တော် သည် ဒု တိ ယ အ ထွေ ထွေ မန် နေ ဂျာ ၊ ညွန် ကြား ရေး ဌာ န ၏ မ ထင် မြင် မှတ် ဘဲ လေး စား အပ် သော အ ချက် များ မှာ ၊ 

၁။ သင် ကြား ထား သော ပ ညာ ရပ် အား ၊  ရုံး တွင် အ သုံး ပြု ထိုက် သော ကိ စ္စ ကို တွင် ၊ လက် တွေ့ အ သုံး ချ ခြင်း

၂။ အောင် မြင် လက် ခံ ချက်/ မ အောင် မြင် ခြင်း ကို အ စဥ် သုံး သတ် ဝေ ဖန် ခြင်း

၃။ အ များ အ ကျိုး ကို ဦး ထိပ် ထား ခြင်း

၄။ ၎င်း တတ် နိုင် သော အ ဆင့် မှ လုပ် ငန်း ကြီး အောင် မြင် ခြင်း အား ကူ ညီ ထောက် ပံ့ ခြင်း

၅။ လုပ် ငန်း ပြင် တွင် ၊ ဝန်း ထမ်း များ ပျော် ရွှင် စွာ အ မှု ထမ်း နိုင် ရေး ကို အ လေး ထား ခြင်း

၆။ လုပ် ငန်း  သ မိုင်း အ ရေး ပါ/ရှိ ကြောင်း ကို ထိမ်း သိမ်း လက် ခံ ခြင်း

၇။ ဝန် ထမ်း များ ပ ညာ တိုး တက် ရ ရှိ စေ ရန် ၊ လုပ် ငန်း/ကျောင်း/ကော လိပ်/တက္ကသိုလ်/ပ ညာ ရှင် များ ဖြင့် အ ခါ အား လျှော် စွာ အ မြဲ စီ စဥ် ဆောင် ရွက် ပေး ခြင်း  

၈။ ဝန် ထမ်း များ ရဲ့  သက် သာ ချောင် ချိ ရေး အ မြဲ ဆောင် ရွက် ပေး ခြင်း  

၉။ ပ ညာ ကို ယုံ ကြည် လေး စား ခြင်း 

၁၀။ ၎င်း ၏ လုပ် ဆောင် ချက် များ ကို ၊ အ ပြော/ဟော ဖြင့် သက် သေ  မ ထူ ခဲ့ ပါ

 

5* သည် ပို့/ဆက် အ ရိပ် အာ ဝါ သ အောက် မှ ၂၀၁၀ ခု နှစ် တွင် ဦး /ပိုင် အောက် သို့ ပြောင်း ရွေ့ ပြီး နောက် ၊ ဦး မောင်မောင် စိုး သည် ၂၀၁၆ ခု နှစ် တွင် ပင် ဆင် ယူ ၍ ၊ ပုဂ္ဂလိက လုပ် ငန်း သို့ ပြောင်း ရွေ့ ခဲ့ ပါ သည် ။ ဤ ပု ဂ္ဂိုလ် အား ယနေ့ ထိ တိုင် ၊ ဝန် ထမ်း အ များ  ၏ ယုံ ကြည် လေး စား မှု ကို ခံ ယူ ရ သူ ပါ ၊ ကျွန် တော် လည်း ပါ သည် ။ အ ဓီ က ၊ က ၊ “စေ” တ လုံး လေ …….

 

(ဆက် ရန်)

 

အ ပိုင်း - ၃

(စု စု ပေါင်း - ၄ ပိုင်း)

 

Mr. Siaw Hooi Chuan, President/CEO, Meridian Group Holdings Pte Ltd, Singapore

Siaw Hooi Chuan သည် မ လေး ရှား မွေး တ ရုပ် ၊ အ သက် က ၊ ကျွန် တော် နှင့် နင် နဲ့ ငါ လား ဘဲ။ ပ ညာ အ ရည် ချင်း ကို ၊ မြန် မာ ပြည် နှင့် နှိုင်း ရှင် ရ ပါ အ ၊ လွယ် လွယ် ပြော ရ လျှင် ၊ (၁၀) မ အောင် ပေါ့ ဗျာ ။ ဘယ် အ လုပ် နှင့် စ ခဲ့ တယ် တော့ မ သိ ပါ ၊   မ လေး ရှား နိုင် ငံ ရှိ ၊ အင် တာ နယ် ရှီ နယ် သ င်္ဘော  ကု မ္ပ ဏီ တ ခု မှာ အောက် ဆုံး က စ ခဲ့ တာ တော့ သိ ရှိ ရ ပါ သည် ၊ အ ဆို ပါ ပု ဂ္ဂိုလ် သည် ၂၀၀၄ ခု နှစ် ၊ သူ ပိုင် သ င်္ဘော ဧ ဂျင် စီ မ တည် ထောင် မှီ ၊ ဟောင် ကောင် Jardines ကု မ္ပ ဏီ တွင် Executive Vice President ရာ ထူး တိုင် ပင် အ မှု ထမ်း ခဲ့ သူ ပါ ။  ဟောင် ကောင် တွင် ဝန် ထမ်း အ များ ဆုံး သည် ၎င်း အ စိုး ရ ၊ ဒု တိ ယ သည် Jardines ကု မ္ပ ဏီ ဖြစ် ပါ သည် ။ အ ဆို ပါ Meridian Group သည် South East and South Asia ဒေ သ (၉) နိုင် ငံ များ တွင် သ င်္ဘော  ဆိုင် ရာ လုပ် ငန်း/ရုံး များ ယ နေ့ တိုင် ပင် ရှိ သည့် တွက် ၊ Siaw Hooi Chuan လုပ် ဆောင် ချက် များ ဆိုး သည် မ ဆို နိုင် ပါ ။ ကျွန် တော် ထို သူ အား 5* container feeder service မ စ တင် မှီ က သိ ရှိ ခဲ့ ပါ သည် ။ ထို ပု ဂ္ဂိုလ် ၏ ရန် ကုန် ရုံး သည် အုပ် ချုပ် သူ မှ လွဲ ၍ ကျန် အား လုံး သည် မြန် မာ ဖြစ် ကြ သည် မှာ မ ထူး ဆန်း ပါ ၊ သို့ ပါ သော် လည်း Siaw Hooi Chuan ၏ Singapore ရုံး ချုပ် တွင် ၈၀% မှာ မြန် မာ ပြည် သူ ပြည် သား များ ဖြစ် ကြ  သည် မှာ ၎င်း ၏ မြန် မာ ပြည် သား အ ပေါ်  အား ၊ ထား ရှိ သော မေ တ္တာ ပါ ။

 

ကျွန် တော် 5* Singapore Representative အ ဖြစ် ၁၉၉၆ ခု နှစ် ခန့် တွင် အ မှု ထမ်း ဆောင် စဥ် 

Siaw Hooi Chuan  အား မူ လ ဆယ် တောင် ပြည့် ဆ ရာ တော် နှင့် မိတ် ဆက်◌ပေး ခဲ့ ပါ သည် ။ သူ သည် ထို အ ချိန် ကာ လ မှ စ တင် ၍ ဆ ရာ တော် ၏ တ ပည့် ဖြစ် ခါ ၊ လုံး ဝ ယုံ ကြည် သော ဗု ဓ္ဓ ဘာ သာ ဝင် တ ဦး အ ဖြစ် ပြောင်း လဲ လာ ပါ သည် ။ မ ကြာ မီ ကာ လ မှာ ၊ နေ အိမ် တွင် 

ဘု ရား ဆင် ၊ ဘု ရား ခန်း ထား ရှိ လာ ပြီး ၊ မိ သား စု ပါ  ဗု ဓ္ဓ ဘာ ယုံ ကြည် ဘာသာ ဝင် များ သို့ ပြောင်း လဲ လာ ပါ ကြောင်း ။  မကြာ သော ကာ လ တွင် ကျွန် တော် ထက် သာ သော ဗု ဓ္ဓ ဘာ ဝင် တ ဦး ယ နေ့ တိုင် ပင် ဖြစ် လာ ပါ တော့ သည် ။  

 

Siaw Hooi Chuan  သည် တ ဦး တည်း သော် လည်း ကောင်း ၊ သို့ မ ဟုမ်  အ များ နှင့်၊  သူ ဦး စီး သော အ ဖွဲ့ ဖြင့် အောက် ပါ များ ကို ယ နေ့ တိုင် ဆောင် ရွက် လျက် ရှိ ပါ ကြောင်း ၊

 

 

ဘာ သာ ရေး နှင့် လူ မှု ရေး

၁။ ဘု ရား စေ တီ နှင့် ဘုန်း ကြီး ကျောင်း များ တည် ဆောက်ခြင်း ၊ ဆရာ တော် ၏ လမ်း ညွှန် ကြား ခြင်း ဖြင့်

၂။ ဆင်း ရဲ နွမ်း ပါး သော ဒေ သ ၊ လမ်း မ ပေါက် ရွာ များ တွင် ကျောင်း ဆောက် (အထက် တန်း ထိ) - ဆရာ တော် ၏ လမ်းညွှန် ကြား ခြင်း ဖြင့်

၃။ ပူ အိုက် ရေ ရှား သော မြန် မာ ပြည် အ လယ် ပိုင်း ဒေ သ ရွာ များ တွင် ရေ တွင်း တူး ဖေါ် ပေး

- ဆရာ တော် ၏ လမ်းညွှန် ကြား ခြင်း ဖြင့်

၄။ ပူ အိုက် ရေ ရှား သော မြန် မာ ပြည် အ လယ် ပိုင်း ဒေ သ ရွာ များ တွင် ဆေး ခန်း တည် ထောင် ပေး ခြင်း - ဆရာ တော် ၏ လမ်းညွှန် ကြား ခြင်း ဖြင့်

၅။ က လေး သူ ငယ် စာ တတ် မြောက် ရေး ကို အ ဓိက ရှမ်း ပြည် နယ်/အ လယ် ပိုင်း တွင် ဆောင် ရွက် ခြင်း - ဆရာ တော် ၏ လမ်းညွှန် ကြား ခြင်း ဖြင့် 

၆။ သူ ကိုယ် တိုင် ရဟန်း  ခံ/သား အား ကို ရင် ဝတ်/ဇနီးသည် မယ် သီ လ ခံ/ညီ အ ကို နှင့် အ မျိုး အ ဆွေ လည်း ဦးပ ဇဥ်း တက် မြောက်ခြင်း ကို အား ပေး

ရေး သား ရ လျှင် များ ပါ ၍ …..

 

ကျွန် တော်  စဥ်း စား မိ သည် မှာ ၊ (၁၀) တန်း မ အောင် မြင်သူ တ‌ယောက်အ နေ ဖြင့် ၊ အ ဘယ် ကြောင့် ဤ ကဲ့ သို့ သောရာ ထူး ရာ ခံ သူ ဌေး ကြီး ဖြစ် နေ သည် ကို ယ္ခင် က တွေး တော မိ သည် ။  ကျွန် တော်  ဤ ပု ဂ္ဂိုလ် နှင့် ကား/ရထား/သင်္ဘော/လေယာဥ် ခရီး အ တော် များ စွာ စီး/သွား ဘူး ပါ သည် ။ ရံ ဖန် ရံ ခါ  သူ မေါ ပန်း ပြီး အပ် မေါ ကျ သော အ ခါ များ နှင့် ကြုံ ကြိုက် လျှင် ၊ ကျွန် တော့် ဘေး တွင် ကျ နေ သော သူ ၏ စာ အုပ် ကိုကောက် ယူ ပေး သော အ ခါ ၊ အ ဖုံး ခေါင်း စဥ် အား ဖတ် မိ ပါသည် ။ စီး ပွား ရေး စာ အုပ် မှန်း သိ ပါသော် လည်း ၊ ကျွန် တော်  အ သံ မ ထွက် တတ် ပါ ၊ ဖတ် လည်း မ ဘတ် ဘူး၊ မြင်/ကြား ဘူး လည်း မ ရှိ ။  Siaw Hooi Chuan  ရောက် ရှိ နေ သော ပညာရေး အ ဆင့် ကို သ ဘော ပေါက် သွား ပါ ၏ ။ စာပေ တတ် မြောက် ပု ဂ္ဂိုလ် များ နှင့် ကြုံ ကြိုက် သော အ ခါ လည်း ၊ သူ့  မေး ခွန်း အ ဆင့် များ ကို သ ဘော ပေါက် နား လည် သွား ပါ သည် ။ အော် ၊ ဒါ ကြောင့် သူ ဌေး ဖြစ် သည် မှာ မဆန်း လှ ပါ ။

လုပ် ငန်း ဆိုင် ရာ ကိ စ္စ

က။ ဝန် ထမ်း များ ကို စာ နှာ ထောက် ထား ခြင်း

ခ။ လုပ် ငန်း ခွင် စိတ် သာ ယာ ပျော် မွေ့ ရေး ဖန် တီး ပေး ခြင်း

ဂ။ ဝန် ထမ်း များ ခေါတ် နှင့် ရင် ဘောင် တန်း စာ ပေ တတ် မြောက် စေ ခြင်း

ယ။ လ စာ များ ကို ဈေး ကွက် နှင့် အ ညီ ပေး ခြင်း

င။ ဝန် ထမ်း များ ၏ လေး စား ယုံ ကြည် မှု ကို ရ ရှိ ခြင်း

စ။ မိ မိ အ လုပ် များ ကို လေး စား ဆောင် ရွက် ခြင်း

ဆ။  အောင် မြင် ချက် များ ကို ကျေး ဇူး တင် ရ လာဘ် ဖြင့် အ သိ မှတ် ပြု ခြင်း 

ဇ။ အောင် မြင် ခြင်း မ ရှိ ပါ က ၊ စု ပေါင်း အ ဖြေ ရှာ ခြင်း

ဈ။ ဝန် ထမ်း များ ကို မိ သား စု သ ကဲ့ သို့ သတ် မှတ် ဆက် ဆံ ခြင်း

ည။ လုပ် ငန်း အောင် မြင် စေ ရန် လို အပ် သော ပံ့ ပိုး မှု အ ပြည့် အ ဝ ပေး ခြင်း

ကျွန် တော်  လက် လှန်း မ မှီ သော ကိစ္စ ရပ် များ ရှီ ပါ ဦး မည် ။

အဓိက က တော့ ၊ လုပ် သ မျှ ၊ “စေ” တ လုံး လေ …….

 

(ဆက် ရန်)

 

အ ပိုင်း - ၄

(စု စု ပေါင်း - ၄ ပိုင်း)

 

ဦး ခင် မောင် ကြည် (ဦး ဆောင် ညွှန် ကြား ရေး မှူး (ငြိမ်း)◌

ဒီ ပု ဂ္ဂိုလ် အ ကြောင်း ကို နောက် ဆုံး မှ ရေး သား ရ ခြင်း မှာ ၊ အ လွန် ရှား ပါး သော သူ ကြောင့် ဖြင့် ပါ သည် ။ ဦး ခင် မောင် ကြည် အတ္ထု ပ္ပ တ္တိ အား ပြည့် စုံ စွာ ရေး သား ရ မည် ဆို ပါ က ၊ စာ အုပ် တစ်/နှစ် အုပ် ဖြင့် လုံ လောက် မည် မ ထင် မြင် ပါ ။

 

ဦး ခင် မောင် ကြည် သည် ၊ ဗိုလ် မှူး ကြီး - (ကြည်း) ဟောင်း ၊ အ သား က ဖြူ ၊ လူ ချော ၊ အ သက် က ငယ် ၊ ပု ၊ ဗ လ နဲ့ ၊ မ ပိန် ၊ ယုံ ကြည်/ခံ ယူ ချက် ပြည့် ဝ သူ ၊ ဘု ရား တ ရား ကြည် ညို ၊ သတင်း စာ ၊ က မှ အ ထိ ဖတ် သူ ၊ ကျွန် တော် တို့ 5* MD ပါ ။ အိမ် နှင့် ရုံး ကိ စ္စ များ လုံး ဝ မ ရော စေ ရ ၊ ယာဥ် မောင်း မ ထား ၊ ထီး မိုး ပေး ခြင်း မ လက် ခံ ၊ ကိုယ် ထိ လက် ရောက် ရှေ့ မှ အ မြဲ ဦး ဆောင် ၊ လုပ် ငန်း အောင်/ရှုံး ကျ မှု၊ ကို ရဲ ရဲ ကြီး ရှေ့  မှ စည်း ပြီး ယင် ဘတ် ကော့ ၍ ခံ သည် ။ အိမ် တွင်း ဘာ ဘဲ ဖြစ် စေ ကာ မူ ၊ မည် သည့် အ ဖွဲ့ နှင့် မ ဆို ၊  အ စဥ် “ကြက် ခေါင်း ဆိပ် မ ခံ” ပါ ဘဲ ။ ကျွန် တော် တို့ ဝန် ထမ်း အား လုံး သည် ၊ ဦး ခင် မောင် ကြည် ၏ လက် အောက် တွင် အ လုပ် ၊ လုပ် ရ သည် ကို ပျော် မွေ့  ၊ လုပ် ရဲ ကိုင် ရဲ ရှိ ကြ ပါ သည် ။ ကျွန် တော် ဒီ ပု ဂ္ဂိုလ် လုပ် ငန်း ဆုံး ဖြတ် ချက် တိုင်း တွင် သ ဘော မ တူ ညီ ပါ ၊ သို့ ပါ သော် လည်း တင် ပြ ချက် များ အား နား ထောင် စဥ်း စား ပေး ပါ သည် ။ ငါ ပြော သည် များ သာ လုပ် ဟူ ၍ တ ယူ သံ မ ရှိမ ပါ ။

နား ထောင် ပေး သည် ကို ဘဲ ကျေး ဇူး တင် ရ ပါ သည် ။ သူ MD ဆို တိုင်း ၊ ကျွန် တော် ၏ အ မေ တ ချိန် က ပြော သော ပုံ ပြင် “king can do no wrong” ဆို သည့် မူ ၊ မ ကျင့် သုံး ပါ ။ အ ကျိုး အ ကြောင်း တော့ ဦး ခင် မောင် ကြည် စီ စစ် ပါ သေး သည် ။  

ဦး ခင် မောင် ကြည် ၏ ဝန် ထမ်း များ အ ပေါ် ထား ရှိ သော မေ တ္တာ မျိုး ၊ ကျွန် တော်  သည် သာ မ က ၊ 5* ဝန် ထမ်း များ ယ နေ့ တိုင် မ ကြုံ တွေ့ ဘူး ပါ ။ ကျန် ဌာ န များ မှ လည်း သ ရေ များ ကျ ကြ ပါ သည် ။ ထို ကာ လ သည် ကား ၊ 5* ဝန် ထမ်း ဖြစ် ရ သည် မှာ ၊ လွန် စွာ ဂုဏ် ယူ ဝန့် ကြွား ၊ ကျက် သ ရေ နှင့် ပြည့် စုံ ၍ ပွဲ လည် တင့် ခဲ့ ပေ သည် ။  

 

ကျွန် တော်  တို့ MD ဦး ခင် မောင် ကြည် ၏  ဝန် ထမ်း များ အ ပေါ် ထား ခဲ့ သော စေ တ နာ၊ မေ တ္တာ များ အား ၊ အ တို ချုံး ၍ ဖေါ် ပြ ပါ မည် ၊ ပြည့် စုံ သည် တော့ မ ဟုတ် ပါ ၊

၁။ ဝန် ထမ်း များ ၏ စား ဝတ် နေ ရေး (ashore & afloat)

၂။ ဝန် ထမ်း များ ရာ ထူး တိုး ပေး ရေး ကိ စ္စ အား တည်  ဆဲ ဥပဒေ နှင့် အ ညီ ဘောင် ဝင် အောင် ဆောင် ရွက် ပေး ခြင်း

၃။ တူ ညီ ဝတ် စုံ (ရုံး) 5* တွင် စ တင် အ ကောင် ထည် ဖေါ် ခဲ့ ပါ သည် ။ ရေ ဘု ယျ ကြည့် မည် ဆို ပါ လျှင် မ ထူး ဆန်း လှ ပါ ၊ ထို သို့ ဖြစ် ပါ သော် လည်း ၊ ဦး ခင် မောင် ကြည် ၏ ရည် ရွယ် ချက် များ ကို ဖေါ် ပြ လို ပါ ကြောင်း၊

၁။ တူ ညီ ဝတ် စုံ ဝတ် ခြင်း သည် 5* ဝန် ထမ်း အ များ သို့ သိ/ဖြစ် လို ခြင်း၊

၂။◌သ မ ရိုး ကျ အ ကျီ သက်သာ/ငွေ သက် သာ (ကျား/မ)၊

၃။ တူ ညီ ဝတ် စုံ အား ရုံး မှ တ နှစ် တွင် (၂) စုံ ဝယ်/ချုပ် ပေး ၊

၄။ နွေ/မိုး ရာ သီ ကာ ကွယ် မှု ရ ရှိ စေ ရန် ထီး ဝယ် ပေး၊ ကျား- ကြက် ဆင်/ မ - ခေါက် ထီး၊

၅။ စစ် တပ် တွင် သက် သာ ချောင် ချိပေ ရေး ဆိုင် တွင် နေ့ လည် စာ အား ကျပ်၁.၅၀ိ/- ဖြင့် စား နိုင်၊ သို့ ဖြစ် ရာ၊ ရုံး တွင် လည်း ကျပ်၄.၅၀ိ/- ဖြင့် ဝန် ထမ်း များ စား သုံး နိုင် စေ ရန် စီ စဥ် ဆောင် ရွက် ခဲ့၊

၆။ ချက် ထား သည် များ ပို လျှန် ပါ လျှင် ၊ ရာ ထူး အ ငယ် ဆုံး/အ နည်း ဆုံး ဝန် ထမ်း များ သို့ အ ခ မဲ့ ဝေ ငှ ပေး၊

၇။ ရန် ကုန် မြို့ ရှိ ၊ အ များ ကျိုက် လ္ဘက် ရည် ဆိုင် သ ကဲ့ သို့ ဖျော် ရောင်း ချ ပေး ၊

၈။ ဝန် ထမ်း များ နေ့ လည် စာ ၊ စား သုံး နိုင် စေ ရန် steel ဂျိုင့် ဝယ် ပေး

၉။ ဝန် ထမ်း များ သို့ ပုံ မှန် ဟင်း သီးး ဟင်း ရွက်/ငါး (သာ ကေ တ 5* စိုက် ခင်း/အင်း အိုင် များ မှ) ဖြန့် ဝေ ခြင်း၊

၁၀။ ရုံး ရှီ ဆေး ခန်း - ဆေး ပြည့် စုံ ရေး ၊ ဝန် ထမ်း+ မိ သား စု ကျမ်း မာ ရေး (မျက် မှန် မှ အ စ)

၁၁။ ဝန် ထမ်း များ အား ရုံး ဖွင့် ရက်/ချိန် ၉.၃၀ မှ ၁၆.၃၀ နာရီ သာ အ လုပ် ဆင်း ခိုင်း၊ ကြောင်း ရင်း မှာ၊

က- ကိုယ် ပိုင် စား ဝတ် နေ ရေး ဖူ လုံ ရေး အ တွက် ၊ အ လုပ် (၂) ခု လုပ် နိုင် စေ ရန်

ခ- နား လို သူ များ အ ချိန် ပို မို နား နိုင် စေ ရန်  

၁၂။ သီ တင်း ကျွတ် တိုင်း ၊ ရုံး တွင် ဗ လာ မဲ မ ရှိ ၊ ကံ စမ်း မဲ ဖေါက် ပေး ခြင်း

အ များ ကြီး ကျန် ပါ သေး သည်။

အဓိက က တော့ ၊ လုပ် သ မျှ ၊ “စေ” တ လုံး လေ …….

 

MD ဦးခင် မောင် ကြည် ထား ရှိ သော စေ တ နာ၊ မေ တ္တာ ၊ ကျွန် တော် ၏ လုပ် သက် တ ခွင် လုံး ဝ မ တွေ့ ဘူး ပါ။ 

သို့ သော် ………

ဝန် ကြီး မ ကြိုက် နှစ် သက် ၍ အ နား ခံ ရ ပါ သည်။

ဘဝ ၏ တရား မျှ တ မှု ကို နား လည် ရန် ခက် လှ ပေ သည်။။။  

 ◌