Friday, 17 May 2024

မြွေလှေကား (Snakes & Ladders)

 မြွေလှေကား (SNAKES AND LADDERS) - ၁၆.၀၅.၂၄

ရက်အနည်းငယ်က မိမိချစ်သူငယ်ချင်း၊ တစ်ချိန် Chief Engineer ဦးပီတာသန်းအောင်မှလူ့ဘဝအား Snakes and Ladders Game နှင့်နှိုင်းယှဥ်ခဲ့သည်။ ထောက်ခံမှန်ကန်လေစွ၊ ဘဝဆိုသည် မိခင်မှမွေးဖွားလိုက်သည်အချိန်မှစတင်၍ ဂိန်းနှင့်ဆင်တူဆိုရအံ့-အတတ်+ဆင်းများလေစွ။ နို့စို့-လေးဖက်သွား-ပညာသင်-အလုပ် လုပ်-ပင်စင်/နား၊ ဘဝငြိမ်းသည်ထိ ကျွန်တော်တို့အားလုံးသည် ဘဝသံတရာရထားကြီးပါပဲ။ ဘူတာစုံ အ တက်-အဆင်းသည်များလှပေသည်၊ ဘယ်နှစ်ကြိမ်-ဘယ်နှစ်ခါ မရေ တွက်နိုင်တော့ချေ။ အသက်ရလာလေ ကုန်းဆင်းသာလျှင်များပေသည်-သဘာဝလည်းကျပေ၏။ ကျွန်တော်သည် ဘဝမှန်ပြားပေါ်တွင်ပြန်လည်ကြည့်ရာ မိမိပုံရိပ်တွင် အမှန်-အမှား၊ ကောင်း-ညံ့၊ ပြုလုပ်သင့်-မသင့်၊ ဆင်းရဲ-ကြွယ်ဝ(အတိုင်းတာတစ်ခုထိ)၊ မနဂုဏ်တက်-မောက်-ကျဆင်း၊ ချစ်-မုန်းခဲ့သည် များပါ့ဗျာ။ အမှား-မပြုလုပ်သင့်သည်များကို ခဲဖျက်နှင့် ပြန်လည်အစမဖျောက်နိုင် too late ဖြစ်လေသော်၊ “အိုပယ်ကြီး”ဘဝမချုပ်ငြိမ်းမီ၊ မိမိလက်လှန်းမီလုပ်ငန်းပညာရပ်များကို မိမိလုပ်ငန်းရှိနောင်လာနောင်သားအကျိုးဖြစ်ထွန်းစေရန် မေတ္တာနှင့်ဝေမျှပြုလုပ်ပေလိုသည်-ကျွန်တော်မျိုးကျင့်ကြံ-ပြုလုပ်လျှက်ပါပဲ။ အဘယ်ကြောင့်? နောင်ဘဝသို့ယူသွားမရ-ယူလည်းမယူလို၊ သည်ဘဝတွင်အသုံးတည့်မည်ဆိုက လက်ဆင့်ကမ်းလိုလေသည်။ Something I can manage, control and contribute ပေါ့။ ကျေနပ်ပီတည့်ထမြောက်ပေပြီ။ ဘာသာရေး? ဆောရီး-ကျွန် တော်သည်”မူကြို”အဆင့်သာ-အသက်ကြီးပြီး အချိန်မစီးဆိုရအံ့၊ လိုအပ်-မှားမှန်းသိသော် အချိန်နှောင်းသွားပြီလေ-ရှက်ဖွယ်? Yes ။ တတ်သိသည်များသာ ဝေမျှရင်း-နှုတ်ခွန်းဆက်လေမည်။
မိမိဘဝလမ်းတစ်ဘူတာမှ ကြားဖြတ်စရမည်ဆိုက.......
ငယ်စဥ်ထိုတစ်ချိန်တစ်ခါက၊ အစိုးရပင်လယ်ကူးသင်္ဘောပေါ် အလုပ်ရာ ထူးဆွပ်ခူးနိုင်သည်မှာ”ရွှေ”ထက်ရှားဆိုရပေမည်။ အလုပ်သင်အရာရှိအ ဆင့်သည် ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်၊ ဂုဏ်ကြက်သရေနှင့်ခညောင်းပွဲ လယ်တင့်ရာ ပြည့်စုံသည်ထင်မြင်ခဲ့ပေါ့လေ။ ဆယ်နှစ်ဆယ်မိုး ပင်လယ်ကို အမှူးပြု၍ စားဝတ်နေရေးအတွက်ငွေကြေးရှာဖွေခဲ့သည်။ သင်္ဘောလိုက်ခြင်းသည် အသက်ရလာသော်၊ “မမိုက်”ဆိုရအံ့၊ သို့ဖြစ်ရာ လူလတ်အပိုင်းတွင် ကမ်းနားရာထူးအခွင့်အရေးတစ်ရပ်ပေါ်သည်နှင့်၊ အများနှင့်ရှင်ပြိုင်စာမေးပွဲဖြေဆိုခဲ့လေရဲ့-အရှုန်းမရှိ-အောင်မြင်လို့တော်သေး။ ကမ်းဖက်ဆင်း Career ပြောင်းသော်၊ နှေးကွေး-နေမတတ်-မကိုင်တတ်-လုပ်စားမတတ်၊ ဖါးမကျ-ငါးမဟုတ်-out of 31 ပေါ့ဗျာ။ လက်ဝယ် အောင်လက်မှတ်မှတ်များရှိ၍ ထ္မင်းမငတ်နိုင်ဖူးလေ။ Snakes and Ladders Game စချေပြန်ပြီ၊ အန်စာတုံးပေးလေသောအဖြေသည်ချောက်မျိုးရှိရာ တက်-ဆင်း၊ များ-နည်း၊ စုံပေပေါ့။
လုပ်ငန်းသစ်ပညာရပ်အား ငါးနှစ်ခွဲခန့်စာဖတ်သင်ကြားခွင့်ရှိသည်မှာ ဘဝလမ်းကြောင်း”အတက်”ပညာဆိုရအံ့၊ ဇနီးနှင့်သားငယ်ချွေတာခဲ့ရသည်လည်းကျေးဇူးကြီးလှပေသည်၊ ထို့ပြင်ဌာနကြီးကျေးဇူးအားလည်းယနေ့တိုင်မမေ့မလျှော့ပါ၊ မိမိကဲ့သို့ အခွင့်အလမ်းမရရှိ-မကြုံကြိုက် လုပ်ငန်းတူဘော်ဘော်-နောင်လာနောက်သား-များအား ကျွန်တော်၏သည်ပစ္စုပ်ပန်ဘဝတွင်မေတ္တာနှင့်”သင်ညာ”ဝေမျှမည်ကို ထိုစဥ်ထည်းမှသံဓိဌာန် ပြုခဲ့သည်။ ကျွန်တော်သည်ဆရာပင်မထမြောက်၊ ဘာသာရပ်တတ်ကြွမ်းသူလည်းမဟုတ်၊ ပညာသည် အတန်းမဝင်၊ မိမိယနေ့တတ်သိခြင်းများမှာ၊ ကျောင်းသင်ညာ(၁)ပဲ၊ လုပ်ငန်းအတွေ့အကြုံ(၁၀)သားနှင့်မှားရွင်းခဲ့ခြင်းများမှသင်ခန်းစာသည်(၁)ပိဿာဖြစ်လေသည်။ သို့ဖြစ်ရာ၊ ဖြန့်ဝေမျှသူအဆင့်သာ ဖြစ်အံ့၊ လက်လှမ်းမီသလောက်ပေါ့နော်။ အကျိုးဖြစ်ထွန်း-ပညာရခြင်းသည် ကာရခံစာဖတ်သူတာဝန်သာလျှင်၊ ဝမ်းဆွဲဆရာပြောသလို”ကိုယ့်ကိုယ်လည်းညစ်ဦးမှ”၊ မိမိသည်လည်း ထိုဘဝမှဆင်းတက်လာကြောင့်ပါ။ နောက်မေးခွန်း-အဘယ်ကြောင့် သည်စိတ်ထား-စိတ်ကူးဖြစ်လာသနည်း? ကျွန် တော်မျိုး ထင်ကြေးပေးရက၊ လန်ဒန်မြို့ကျောင်းတော်မှ စိတ်ထားတတ်ရန်သင်ပေးသည်ဆိုရအံ့။ မသိလျှင်မေး၊ မစင်လျှင်ဆေး၊ မှားသည်ထင်မြင်ကပြော၊ အမှန်တရားကိုလက်ဝယ်ဆောင်၊ အဓိကသင်ကြားခြင်းသည် ကူညီချင်စိတ်အမြဲရှိစေရန်ဖြစ်၏။ မြန်မာပြည်လုပ်ငန်းဌာနတွင်မိမိကျင့်သုံးသော်၊ အရေးပါရာထူးရှင်များမှ လက်ခံခြင်းသည် လွန်စွာနည်းပါးလေသည်။
မိမိအဘယ်ကြောင့် ပင်လယ်ရေကြောင်းစီးပွားရေးဆိုင်ရာ posts များ အပတ်စဥ် FB ပေါ်တွင်ရေးတင်သနည်း?
ဘိုလိုအဖြေဆိုရပါက …..
It is not that I know much.
However, I do know how it feels to know NOTHING !
စာဆိုရှိသေး …..
The more you read, the more you know.
The more you know, the more you realize how much you don’t know.
လန်ဒန်မြို့/ဘိလပ်/အင်္ဂလန်/ဗြိတိန်တွင် ပင်လယ်ရေကြောင်းစီးပွားရေး ပညာရပ်သင်ကြားပေးရာ ကျောင်းတွေအများကြီးပါ၊ ကျွန်တော်တို့မြန်မာပြည်တွင် ရေကြောင်းပညာသက္ကသိုလ်-သန်လျင် တွင်တစ်ခုတည်းသာထီးထီးကြီးရှိရာ၊ ငွေကြေး-အချိန်-သတ်မှတ်ချက်-ပညာအရည်အခြင်း-အသက်-ဘောင်မ မီ/ဝင်ပုဂ္ဂိုယ်များကို ကိုယ်ချင်းစာသနားမိသည်။ ခေတ်ဗန်းသင်ခန်းစာပေးရက၊ ဘဝတစ်လျှေက် နိမ့်ကျမည်သည် များသော်၊ ဘာမှမလုပ်လျှင်-ဘာမှမဖြစ်၊ ဝိတိုရိယခေတ် အင်္ဂလိပ်ဝတ္ထု/က ဗျာ/သတင်းစာ စာရေးဆရာမကြီး Mary Ann Evans ကလောင်နာမည် George Eliot ပြော/ဆို/ရေးသားခဲ့သည့်အတိုင်း “It is never too late” ဖြစ်ရာ လက်မလျှော့ အရှုံးမပေးပဲ မိမိတတ်လို-သိလို-ပညာရလိုသည်များအား ကျိုးစားလိုက်ရအောင်။ အလျှင်းသင့်၍ဖေါ်ပြလိုသည်မှာ Mr. Winston Churchill သည် Eton ကျောင်းသာတက်ရောက်ဖူးသည်-သက္ကသိုလ်မှဘွဲ့မရသော်၊ စစ်ဗိုလ်-ဝန်ကြီး ချုပ်-ဆာ (Sir) ဘွဲ့၊ ကမ္ဘာတွင်လေးစား-ထင်ပေါ်ကျော်ကြားသူတောင်ဖြစ်သွား သေးသည်။ အဓိက အရေးကြီးသည်မှာ စိတ်ဝင်တစား-စာဖတ်ရန်သာပါပဲဗျာ။ Snakes and Ladders Game နှင့်နှိုင်းယှဥ်က ဘဝဖြစ်စဥ်သည်အလားတူဖြစ်ငြား၊ သမင်မွေးရင်း ကျားစားရင်းအခြေအနေတွင် မြွေစာမဖြစ်ရန် ကျိုးစားရလေပေါ့ဗျာ။
ကျေးဇူးကမ္ဘာ

No comments:

Post a Comment